သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့်အတူ အောက်တိုဘာ ၁၅ရက်နေ့တွင် လက်မှတ်ရေး ထိုးမထိုး အတိအကျကိုမူ ထုတ်ပြန်ချက်တွင် ထည်သွင်းထားခြင်း မရှိပေ။ RCSS/SSAသည် ယနေ့ အောက်တိုဘာ ၈ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ရှိနေသည်။
“တစ်နုုိင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူချက်စာချုပ်ပေါ် RCSS/SSAသည် ကြိုဆုုိ ထောက်ခံလျှက် အပြန်အလှန် လိုက်နာဆောင်ရွက်သွားရန် သဘောတူညီထောက်ခံသည်"ဟု ဆိုသည်။
ယင်းအပြင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထုုိး၍ နုုိင်ငံရေး ဆွေးနွေးပွဲများတွင် ဝုုိင်းဝန်းပါဝင်ကာ ညှိနှိုင်းအဖြေရှာသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထုုိ့အပြင် နုုိင်ငံရေးပြဿနာများသည် စည်းလုံုး ညီညွတ်စွာ အတူတကွ ပူးတွဲ နေထုုိင်နုုိင်ရေးအတွက် အပြန်အလှန် ယုံုကြည်မှုများ တည်ဆောက်ကြရန် လိုအပ်ပြီး နုုိင်ငံတော် အခြေခံ ဥပဒေပြုပြင် ပြောင်းလဲရန် လုုိအပ်ကြောင်းလည်း ထုုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည််နယ် မုုိင်းပန်၊ မုုိးနဲ၊ လင်းခေး၊ မောက်မယ်၊ နမ့်စန်၊ ပင်လုံု၊ လွယ်လင်၊ မုုိင်းပြင်း၊ ရပ်စောက်၊ လဲချား၊ မုုိင်းကိုင်၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်း၊ မုုိင်းကုုိး၊ ကျေးသီး၊ ကွန်ဟိန်း၊ ကျိုင်းလုံုး၊ ကျိုင်းတောင်၊ မုုိင်းပူးလုံု(မုုိင်းပုုကြီး) မုုိင်းပူးအွန်( မုုိင်းပုုလေး)၊ ကျိုင်းတုံု၊ တာချီလိတ်နှင့် မုုိင်းတုံု အစသည့် မြို့နယ်များမှ ယခင်ကတည်းက အခြေချလှုပ်ရှားနေထုုိင်လျက်ရှိသော မိမိတို့၏ တပ်ဖွဲ့ဝင်များအား အစုုိးရ စစ်တပ်က အကြောင်းပြချက်အမျိုးမျိုးဖြင့် လုုိက်လံရှာဖွေတိုက်ခုုိက်မှုများအား မပြုပါရန်နှင့် သဘောထား ကွဲလွဲမှုများနှင့် ဖြစ်ပေါ်လာသည့် ပြဿနာများ၊ ဆက်ဆံရေးရုံးများမှတဆင့်သာ ညှိနှိုင်းဖြေရှင်းရန် အစိုးရ နှင့် တပ်မတော်ကို RCSSက ဆောင်းဆိုထားသည်။
အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ခြင်း သုံုးနှစ် ကျော်ကာလတာရှိခဲ့သော်လည်း တပ်မတော် မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးသဘောတူညီချက်များအား ချိုးဖောက်ကာ မိမိတုုိ့၏ တပ်များအား လိုက်လံ တုုိက်ခတ်ခဲ့သဖြင့် တိုက်ပွဲ အကြိမ်ပေါင်းမြောက်များစွာ ပြန်လည် ဖြစ်ပွားခဲ့သည်ဟုု ဆုုိထားသည်။ ၂၀၁၁ ခုုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော်(RCSS/SSA)သည် ပြည်ထောင်စုု ငြိမ်းချမ်ေးရးဖော်ေ်ဆာင်ရေး လုုပ်ငန်းကော်မတီနှင့် လက်မှတ်ရေးထိုးခဲ့သည်။
RCSS/SSA သည် သမ္မတ ဦးသိန်းစိန်၏ အန်စီအေ လက်မှတ်ရေးထုုိးရန် ဖိတ်ခေါ်မှုအပေါ် လက်ခံ ကြောင်း အခြား ကရင်အမျိုးသား အစည်းအရုံုး(KNU)၊ ဒီမုုိကရက်တစ် ကရင်အကျိုးပြု တပ်မတော် (DKBA)နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC) အဖွဲ့တုုိ့နှင့်အတူ ပြီးခဲ့သည့် သြဂုုတ်လ ၁၇ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့သည်။
လက်ရှိ KNU,DKBA,/KNLA-PC အပါအဝင် ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနုုိင်ငံလုံုးဆုုိင်ရာ ကျောင်းသားများ ဒီမုုိကရက် တစ်တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)တုုိ့ ရ ဖွဲ့က လာမည့် အောက်တုုိဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးရန် သဘောတူညီထားသည်။







