မြန်မာမြေငလျင်သုတေသနစင်တာ (MERC) ဖွင့်လှစ်

မြန်မာမြေငလျင်သုတေသနစင်တာ (MERC) ဖွင့်လှစ်
by -
မဇ္ဈိမ
မြန်မာနိုင်ငံတွင် ငလျှင်နှင့် ပတ်သက်၍ ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်ချက်၊ ဘေးအန္တရယ်လျော့ပါရေး၊ ဘေးဒဏ်ခံနိုင်ရေးတိုးမြင့်လုပ်ငန်း များ ဆောင်ရွက်ရန် လိုအပ်ချက်အရ မြန်မာမြေငလျင်သုတေသန စင်တာ- Myanmar Earthquake Research Center (MERC) ကို အောက်တိုဘာလ ၃ရက်နေ့က ဖွင့်လှစ်ခဲ့သည်ဟု MERC မှ Programme Officer  မနီနီဝင်းက ပြောသည်။

မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားအရ အင်ဒို-ယူရေးရှန်းကျောက်ဖျာအစပ်နှင့် ဗမာကျောက်ဖျာ အတွင်း ပွတ်တိုက်မှု ဇုံအတွင်းကျရောက်ခြင်း၊ အဓိကကျသော ငလျင်ဇုံနှင့် ပြတ်ရွေ့ကျောများ အပေါ်တွင် တည်ရှိနေခြင်းတို့ကြောင့် မြန်မာနိုင်ငံ ငလျင်အန္တရယ် စိုးရိမ်ဖွယ်ရများ တွေ့ရသောကြောင့် ဆန်းစစ်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း MERC မှ သိရသည်။

MERC ၏အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်း ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ချေနှင့် သက်ဆိုင်သော သိပ္ပံရပ်ဆိုင်ရာ အသိပညာနှင့် လိုအပ်ချက်များ အသိပေးဆွေးနွေးသွားရန်၊ MERC ဖွင့်လှစ် ရသောကြောင့် နည်းဗျူးပာာများ တင်ပြရန်နှင့် ပညာရှင်များ၏ အကြံပြုချက်များရယူရန်၊ ရေရှည်ငလျင်ဘေးအန္တရယ် လျော့ပါးရန်နှင့် ဘေးဒဏ်ခံနိုင်ရေးလုပ်ဆောင်နိုင်ရန်အတွက် မိတ်ဖက်အဖွဲ့ွှအစည်းများ ဖွဲ့စည်းခြင်းကြောင့် သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းပြတ်ရွေ့သည် မြောက်ဘက် ပူတာအို၊ မြစ်ကြီးနား၊ တကောင်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ပဲခူးရိုးမ အရှေ့ခြမ်းနှင့် သုံးခွမြို့အနီးမှ ဖြတ်သန်းသွားပြီး မြန်မာနိုင်ငံ အတွင်း ကီလိုမီတာ တစ်ထောင်ခန့် ရှည်လျားသည့် ပြတ်ရွေ့တစ်ခုဖြစ်ကာ ငလျင်လှုပ်ခတ်နိုင်သည့် အစိတ်အပိုင်း ၁၀ ခုရှိကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ရေဘေး၊ ဆိုင်ကလုန်း၊ ဆူနာမိ၊ ငလျင်ဘေး၊ မိုးခေါင်ရေရှား ဖြစ်နိုင်သော နိုင်ငံတစ်ခုဖြစ်သောကြောင့်  ဘုရားစေတီပုထိုးအဆောက်အဦများနှင့်လူများ သေဆုံးရှုံးဆုံးမှု မရှိစေရန်အတွက် ကြိုတင်ပြင်ထားခြင်းဖြစ်သည်ပာု Myanmar Earthquake Research Center ဖွင့်ပွဲတွင် ဦးစိုးသူရထွန်းက ထည့်သွင်းဆွေးနွေးသွားကြသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...