ရှမ်းတပ်မတော်ကို အစိုးရတပ် ဆက်လက်ထိုးစစ်ဆင်ဟု ဆို

ရှမ်းတပ်မတော်ကို အစိုးရတပ် ဆက်လက်ထိုးစစ်ဆင်ဟု ဆို
by -
မဇ္ဈိမ
ရှမ်းပြည်နယ် မုုိင်းရှူးမြို့နယ်အတွင်းရှိ ရှမ်းပြည်တုုိးတက်ရေးပါတီ(SSPP/SSA) ၏ တပ်မဟာ ရ၂ အခြေစိုက်ထားသည့် နယ်မြေအတွင်း အစုုိးရ စစ်တပ်များ အောက်တိုဘာ ၆ ရက်က ထိုးစစ်ဆင်လာ ခဲ့ပြီး ယနေ့ အောက်တိုဘာ ရရက်တွင် တုုိက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်ဟုု SSPP/SSA ပြောရေး ဆုုိခွင့်ရှိသူ ဒု-ဗုုိလ်မှူးကြီး စိုင်းလက ပြောသည်။

SSPP/SSA တပ်မဟာ ရ၂ ထိန်းချုပ်နယ်မြေ မုုိင်ရှူးမြို့နယ် ဟုုိင်းပါကျေးရွာအုုပ်စု တာ့ဆမ်ပူးကျေးရွာ အနီး တဝိုက်သို့ အစိုးရ စစ်တပ်၏ အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၁၁၇ နှင့် ၅၂၀ တပ် အင်အား ၃၀၀ ကျော် ထိုးစစ်ဆင် ဝင်ရောက်လာသဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ ၆ နာရီမှာ တကြိမ်၊ နောက် ၁၁ နာရီလောက်မှာ တကြိမ် တိုက်ပွဲ ဖြစ်နေသေးတယ်။ ဟိုက်းပါအုပ်စု တာဆမ်ပူးရွာအငယ်လေးပဲလေ။ အဲဒီမှာ ကတို့ဆိပ်ရှိတယ်။ အဲဒီတဝိုက်မှာ ဖြစ်တာ။ ကျနော်တို့ ရှိတဲ့ တောင်ကိုတက်လာတယ်။ ကျနော်တို့ရှိတဲ့ တောင်ကုုန်းကို ဝိုင်းပတ်ပြီးတော့ တိုက်နေတယ်။ ခမရ ၁၁၇ နဲ့ ခမရ ၅၂၀ အင်အား ၃၀၀ ကျော်ပေါ့။ အခုက ၁၀၀ ထပ်ပို့သေးတယ်လုုိ့ သိရတယ်”ဟု ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

ရှမ်းမြောက်ပိုင်းတပ်မတော် (SSPP/SSA)သည် ရန်ကုန်မြို့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်မထိုးသေးရန် ဆုံးဖြတ်ထားသည့်အဖွဲ့ဖြစ်ပြီး လက်မှတ်ထိုးမည့်ရက် သတ်မှတ်ရက် အတွက် ဆွေးနွေးရန် အစိုးရက ဖိတ်ခေါ်သော်လည်း တက်ရောက်ခြင်း မရှိပေ။

“ဘာကြောင့် တုုိက်ပွဲ ပြန်ဖြစ်တယ်ဆုုိတာ သေချာ ဂဃနဏ မသိဘူး။ ကျနော်တုုိ့သိတာက ၄ ရက်နေ့ မှာ အန်စီအေ လက်မှတ်ထုုိးဖုုိ့ ဖိတ်တာ ကျနော်တိုု့မသွားဘူး။ ၅ ရက်နေ့မှာ သူတိုု့ စစ်တပ်ကနေ ဒီဖက်က ဆင်းခဲ့တယ်”ဟုု ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်ထောင်စုု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)ထံသို့ အောက်တိုဘာ ၆ ရက်နေ့က စာဖြင့် အကြောင်းကြားထားပြီးဖြစ်ကြောင်း သူက ပြောသည်။

၂၀၁၄ ခုုနှစ် အောက်တိုဘာလ ၂ ရက်မှ ၆ ရက်ထိ SSPP/SSA ၏ တာဖာဆောင် ကူးတုုိ့ဆိပ် တပ်စခန်းအနီး အစုုိးရ စစ်တပ်ဘက်မှ ထုုိးစစ်ဆင် တုုိက်ခုုိက်၍ သိမ်းယူခဲ့သည့် အချိန်လည်း ဖြစ်သည်။

၂၀၁၂ ခုုနှစ်က အစုုိးရနှင့် SSPP/SSA တုုိ့အကြား ပဏာမ အပစ်အခတ် ရပ်စဲထားသော်လည်း တုုိက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် တုုိက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။

အလားတူ အောက်တုုိဘာလ ၆ ရက်တွင် ရှမ်းပြည်နယ်မြောက်ပုုိင်း ကျောက်မဲမြိုကနယ် ပန်စံကျေးရွာ နှင့် ပန်ဖျက်ကျေးရွာအကြား တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့နှင့် အစုုိးရ၏ တပ်မ ရ၇ တပ်ဖွဲ့တုုိ့ ရင်ဆုုိင်တုုိက်ပွဲ ဖြစ်ပွားခဲ့သည်ဟုု TNLA က သတင်းထုုတ်ပြန်ထားသည်။

May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...