မင်းတုန်းအနောက်ခြမ်း ရိုးကျော်လမ်းတွင် စစ်အုပ်စုတပ်နှင့် AA တို့ တိုက်ပွဲ ပြန်လည်ပြင်းထန်

မင်းတုန်းအနောက်ခြမ်း ရိုးကျော်လမ်းတွင် စစ်အုပ်စုတပ်နှင့် AA တို့ တိုက်ပွဲ ပြန်လည်ပြင်းထန်

ရခိုင် (အာရက္ခ) ပြည်၊ အမ်းမြို့နယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ် နှင့် အာရက္ခတပ်တော် (AA) တို့သည် မကွေးတိုင်း၊ မင်းတုန်းမြို့နယ် သဖန်ရောင်-တလိုင်းတောင် ရိုးမကျော်လမ်း ၌ နှစ်ဖက်တိုက်ပွဲ ပြန်လည်ပြင်းထန်နေသည်။

စစ်အုပ်စုတပ်သည် စက်တင်ဘာ ၄ ရက်နေ့က ထိုးစစ်စတင်ခဲ့သော်လည်း အကျအဆုံးများပြားခဲ့သဖြင့် စက်တင် ဘာ ၁၂ ရက်နေ့တွင် နောက်ဆုတ်သွားခဲ့ရပြီးနောက် တစ်ပတ်ခန့်အကြာ၌ ထပ်မံ၍ တကျော့ပြန် ထိုးစစ်ဆင်လာ ခြင်းဖြစ်သည်။

စက်တင်ဘာ ၂၀ ရက်နေ့က စစ်အုပ်စုတပ်ဘက်မှ အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရိုးပေါ်ရှိ ကံဂျိုးကျေးရွာဘက်သို့ ထိုးစစ်ဆင်လာမှုကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

စစ်ရေးသတင်းရင်းမြစ်က "မနေ့ညက လည်းဖြစ်တယ်။ ဒီနေ့လည်းဖြစ်တယ်။ နှစ်ဖက်တိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်နေတယ်။ စကစ ထိုးစစ်ဆင်လာတယ်။ AA က ပြန်တိုက်တော့ နောက်ဆုတ်သွားတယ်။ AA က ပြန်ဝိုင်းပြီး တိုက်တယ်။ ဒါကြောင့် ဒီနေ့ထိဖြစ်နေတယ်” ဟု ပြောသည်။

ထို့ပြင် စစ်အုပ်စုတပ်သည် နံနက်အစောပိုင်း ထိုးစစ်မဆင်မီ ဂျက်ဖိုက်တာဖြင့် လာရောက်၍ ဗုံးကြဲတိုက်ခိုက်မှု များ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

မြေပြင်ဒေသခံ အမျိုးသားတစ်ဦးကလည်း "အဲဒီသဖန်ရောင်၊ဝက်ကော်၊ပြောင်း နဲ့ပတ်ဝန်းကျင်အနီးရှိ ကျေးရွာ များက လူတွေကအကုန်ထွက်ပြေးနေကြတယ်။ စစ်တပ်ကရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရွာသား တွေ ထွက်ပြေးအောင်လုပ်ထားတယ်။ ပြီးတော့ ရွာမှာစခန်းချထားတယ်။ အဲဒီစခန်းတွေက အခု ရိုးထက် တက် ပြီး ထိုးစစ်ဆင်နေတာပါ" ဟု ပြောသည်။

စစ်အုပ်စုတပ်သည် ရခိုင်နှင့် မင်းတုန်းအကြား ကုန်စည်စီးဆင်းနေသည့် အဓိက တလိုင်းတောင်လမ်းကို ပိတ်ဆို့ ထားပြီး အာရက္ခတပ်တော် တပ်စွဲထားသည့် နေရာများကို လေကြောင်းပစ်ကူရယူကာ တကျော့ပြန် ထိုးစစ်ဆင် နေသဖြင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက် အရှိန်မြင့်တက်လျက်ရှိသည်။

ဓာတ်ပုံ - (AA / ပုံဟောင်း)

ဓာတ်ပုံ - Crd
September 21, 2026
ရခိုင်/အာရက္ခပြည်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှု...
September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...