ဖာပွန်သို့ စစ်ကူတက်လာသည့် စစ်အုပ်စုတပ် တိုက်ခိုက်ခံရပြီး လက်နက်များ သိမ်းဆည်းရမိ

ဖာပွန်သို့ စစ်ကူတက်လာသည့် စစ်အုပ်စုတပ် တိုက်ခိုက်ခံရပြီး လက်နက်များ သိမ်းဆည်းရမိ
ဓါတ်ပုံ - CJ
ဓါတ်ပုံ - CJ

ကရင်ပြည်၊ ဖာပွန်မြို့သို့ စစ်ကူတက်လာသည့် စစ်အုပ်စုတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ-တပ်မဟာ(၅) တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့တွင် ဖာပွန်ဘက်သို့ စစ်ကူပေးရန် တက်လာသော စစ်အုပ်စုတပ် စစ်ကြောင်းကို ဝါးသိုးခိုကျေးရွာအနီး၌ KNLA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုထံမှ သေနတ် ၈ လက် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူဘက်က ပြောသည်။

မူတြော်ခရိုင် (ဖာပွန်ခရိုင်) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောရော်ဘင်မူးက “ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်။ ဒီသုံးလေးရက် ထဲမှာ များသောအားဖြင့် သူတို့အပစ်ခံနေရတာ။ ၁၆ ရက်နေ့က အဲ့ဒီ ဝါးသိုခို့မှာ ကျနော်တို့လူတွေ ဝင်ပစ်တော့ သေနတ် ၈ လက် ရသွားတယ်” ဟု ကေအိုင်စီသို့ ပြောဆိုသည်။

အဆိုပါ စစ်အုပ်စုတပ် စစ်ကြောင်းသည် လက်ရှိ ဖားလုံးဒေသတွင် ပိတ်မိနေပြီး အဆက်မပြတ် တိုက်ခိုက်ခံနေရ သည့်အတွက် ရှေ့သို့ ဆက်လက် မတိုးနိုင်ဘဲ ရက်ခြားမှသာ အနည်းငယ်စီ တိုးနိုင်သည့် အခြေအနေတွင် ရှိနေ ကြောင်း မူတြော်ခရိုင် (ဖာပွန်ခရိုင်) ဘက်က ဆိုသည်။

စစ်အုပ်စုသည် ဖာပွန်မြို့ကို ထိန်းချုပ်ရန်နှင့် ဖာပွန်ဗျူဟာကုန်းသို့ စစ်ကူပေးရန် ပြီးခဲ့သည့် မေလမှစတင်ကာ ဖာပွန်-ကမမောင်း လမ်းကြောမှတစ်ဆင့် အင်အားအများအပြား အသုံးပြု၍ စစ်ကြောင်းခွဲ တက်လာခြင်းဖြစ် သည်။

စစ်ကူ လမ်းတစ်လျှောက်တွင်လည်း ဒေသခံလူထု နေထိုင်သည့် ကျေးရွာများသို့ ဝင်ရောက် စီးနင်း၍ မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...
September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...