ပြည်တွင်းစက်သုံးဆီဈေး ကျဆင်းနေသော်လည်း ကချင်တွင် ဈေးမကျ

ပြည်တွင်းစက်သုံးဆီဈေး ကျဆင်းနေသော်လည်း ကချင်တွင် ဈေးမကျ

ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း ကချင်ပြည်ရှိ မြို့နယ်အများစုတွင်မူ စက်သုံးဆီဈေးနှုန်းများ လျော့ကျခြင်းမရှိဘဲ ဖြစ်နေသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ၃ လအတွင်း ဆက်တိုက်ကျဆင်းလာရာ ယခုတစ်ပတ်တွင် ဓာတ်ဆီနှင့် ဒီဇယ် တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ကျဆင်းလာကြောင်း စက်သုံးဆီကြီးကြပ်ရေးကော်မတီက ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် စက်သုံးဆီဈေးများ ဆက်တိုက်ကျဆင်းနေသော်လည်း ကချင်ပြည်နယ်ရှိ နေရာအများစုမှ မြို့နယ်များတွင်မူ ဈေးနှုန်းလျော့ကျခြင်း မရှိပေ။

မြစ်ကြီးနားဒေသခံတစ်ဦးက “ဒီတိုင်းပါပဲ မကျပါဘူး။ တစ်သောင်းကျော်ဟာ တစ်သောင်းကျော်ပဲ။ ဒါပေမဲ့ တစ်ရက်တစ်ရက်ကို တစ်ရာနှစ်ရာချင်းတော့ ကျလာတယ်။ ဒါလည်း အလွန်ဆုံး ၅၀၀ လောက်ပဲကျတာ” ဟု ပြောသည်။

တရုတ်နယ်စပ်မှ တစ်ဆင့် ဝိုင်းမော်ဘက်သို့ ဆီတင်သွင်းသည့် ဘောက်ဆာကားလမ်းပိုင်း တစ်လျှောက်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး လမ်းပိတ်ဆို့မှုများကြောင့် ရှိရင်းစွဲဈေးထက် ဆီဈေးနှုန်းများ ထိုးတက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ယခု ထုတ်ပြန်ထားသည့် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများကို ဇူလိုင်လ ၉ ရက်နေ့အထိသာ သတ်မှတ်ထားခြင်း ဖြစ်သည်။

လက်ရှိတွင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၈ ဒေါ်လာဝန်းကျင် ရှိနေပြီး ပြည်တွင်း စက်သုံးဆီများဖြစ်သည့် ဓာတ်ဆီနှင့် ဒီဇယ်အမျိုးအစား ဈေးနှုန်းများမှာလည်း ဈေးကွက်အတွင်း ဆက်လက် ကျဆင်းနေသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် ရည်ညွှန်းဈေးနှုန်းများကို Mean of Platts Singapore (MOPS) ဈေးနှုန်းအပေါ် အခြေခံပြီး နေ့စဉ်တွက်ချက် ထုတ်ပြန်နေခြင်းဖြစ်ကာ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများ တွေ့ရှိပါက တိုင်ကြားနိုင် ကြောင်း ထည့်သွင်းအသိပေးထားသည်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...