“လေယာဉ်ဖြင့်ဗုံးကြဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်လျှင် ကျည်ဆံဖြင့်သာတုံ့ပြန်မည်” ဟု AA ပြော

“လေယာဉ်ဖြင့်ဗုံးကြဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်လျှင် ကျည်ဆံဖြင့်သာတုံ့ပြန်မည်” ဟု AA ပြော
“လေယာဉ်ဖြင့်ဗုံးကြဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်လျှင် ကျည်ဆံဖြင့်သာတုံ့ပြန်မည်” ဟု AA ပြော
“လေယာဉ်ဖြင့်ဗုံးကြဲပြီး ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်လျှင် ကျည်ဆံဖြင့်သာတုံ့ပြန်မည်” ဟု AA ပြော

ခိုင်လူလှ (ရိုးမမြေ) — စစ်အုပ်စုက လေယာဉ်ဖြင့် ဗုံးကြဲပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်လျှင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း ကျည်ဆံဖြင့်သာတုံ့ပြန်စရာရှိသည်ဟု အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခ နိရဉ္စရာသို့ ပြောဆိုသည်။

“ ဒီဖိတ်ခေါ်တာကို ဒီထက်ပိုရှင်းအောင်ပြောချင်တယ်။ သူတို့အကြမ်းဖက်စစ်တပ်က ဗုံးကြဲပြီးတော့ ငြိမ်းချမ်းရေးခေါ်လို့ရှိရင် ကျနော်ဖက်ကလည်း တုံ့ပြန်စရာဆိုလို့ ကျည်ဆံဘဲရှိတယ်ဗျ”ဟု ဦးခိုင်သုခက ပြောဆိုသည်။

ဇွန် ၂၆ ရက်နေ့က အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်မှ ကြိုတင်ကန့်သတ်ချက်မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို ဖိတ်ခေါ်မှုနဲ့ ပတ်သက်ပြီး နိရဉ္စရာက ဆက်သွယ်မေးမြန်းစဉ် ဦးခိုင်သုခက ယခုလို တုံ့ပြန် ပြောကြားသွားခြင်းဖြစ်သည်။

ပြည်သူများကို နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေပြီး တစ်ဘက်က ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ် နေခြင်းမှာလည်းအပြောတစ်မျိုး အလုပ်တမျိုးဖြစ်နေသည်ဟု ဦးခိုင်သုခက ဝေဖန်ပြောဆိုသည်။

“ ပါးစပ်က ငြိမ်းချမ်းရေးခေါ်တယ်။ လက်ကနေ့စဉ်နှင့်အမျှအပြစ်မဲ့ပြည်သူတွေကို မတရား ဗုံးကြဲတိုက်ခိုက်အကြမ်းဖက်သတ်ဖြတ်နေတယ်။ ဒါဟာ အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် အနေနဲ့ အပြောနဲ့ အလုပ်တခြားစီဖြစ်နေတယ်။ သူ့စကားကိုသူ ကိုယ်တိုင်တာဝန်မခံနိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြနေတာဖြစ်တယ်”ဟု ပြောဆိုသည်။

အာဏာသိမ်း သမ္မတမှ ရက် (၁၀၀) အတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအား ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်သော်လည်း မြေပြင်တွင် အမှန်တကယ် တော်လှန်တိုက်ပွဲဝင်နေသည့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုတစ်လေမှ တွေ့ဆုံဆွေးနွေးမှု မရှိသည့် အပေါ် ဘယ်လို မြင်ပါသလဲဟု မေးမြန်းရာ ဦးခိုင်သုခ ယခုလို တိုတိုတုတ်တုတ် ပြင်လည် ဖြေကြားသွားခဲ့သည်။

“ ဒါကတော့ရှင်းပါတယ်၊ သူတို့အကြမ်းဖက်စစ်တပ်က ခေါ်တဲ့ငြိမ်းချမ်းရေးကို အယုံအကြည် မရှိကြလို့ပေါ့ဗျာ ” ဟု ပြောဆိုသည်။

အာဏာသိမ်းသမ္မတဦးမင်းအောင်လှိုင်မှ ဇွန်၂၆ရက်နေ့မွန်းလွဲပိုင်းက နေပြည်တော်နိုင်ငံတော် သမ္မတရုံးတော်အစည်းအဝေးခန်းမ၌ပြုလုပ်သော နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေးတွင် ကြိုတင် ကန့်သတ်ချက် မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို ဖိတ်ခေါ်ခဲ့သည်။

ဦးမင်းအောင်လှိုင်က “ ရက်ပေါင်း၁၀၀နဲ့ပတ်သက်ပြီး ကျွန်တော် ပြောတဲ့ အချိန်မှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွေလုပ်ခဲ့ပါတယ်။ အခုလည်း ထပ်ပြောချင်ပါတယ်။ ကျွန်တော်တို့ အစိုးရ ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ။ တိုင်းရင်းသား လက်နက်ကိုင်ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှ မထားဘူး။ ငြိမ်းချမ်းရေးအတွက် လာပြီးဆွေးနွေးဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်” ဟု ပြောဆိုသည်။

ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ထားချိန်တွင် စစ်ပွဲများအား မရပ်ဆိုင်းထားသည့် အပြင် ဆေးရုံ၊ စာသင်ကျောင်း၊ စျေးများ အပါအဝင် အရပ်သားများနေထိုင်ရာ ကျေးရွာများအား ဗုံးကြဲခြင်းများ ဆက်တိုက် ပြုလုပ်နေသဖြင့် သမ္မတ ဦးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ ရှေ့နောက်မညီ ကမောက်ကမ ဖြစ်နေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်များက ပြောကြားသည်။

June 29, 2026
၂၀၂၆ တက္ကသိုလ်ဝင် စာမေးပွဲ၏ တစ်နိုင်ငံလုံးပထမနေရာကို ရခိုင်သူမသီရိစိုး(မနတ-၆၇၀)က ၆ ဘာသာဂုဏ်ထူး (...
June 25, 2026
နှင်းနွယ်နီ — အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားသည့် ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင်...