ပိုင်ဆိုင်မှုမပြနိုင်သည့်အတွက် မြေနေရာ အနည်းငယ်မျှသာ ပိုင်ဆိုင်ခွင့်ရ

ပိုင်ဆိုင်မှုမပြနိုင်သည့်အတွက် မြေနေရာ အနည်းငယ်မျှသာ ပိုင်ဆိုင်ခွင့်ရ
by -
ကန္တာရဝတီတိုင်း(မ်)
လွိုင်ကော်မြို့နယ် ထူဒူငံသကျေးရွာတွင် စီမံကိန်းဌာနမှ ဝန်ထမ်းအိမ်ရာ မြေကွက် ချပေးသည့် အကွက်သည် လက်ရှိနေထိုင်သူအိမ်ရှင် ဦးထျားရုနှင့် ဒေါ်မာကီးတို့ ပိုင်ဆိုင်မှု အထောက်အထား မပြနိုင်သည့်အတွက် မြေနေရာ အနည်းငယ်မျှသာ နေခွင့်ရသည်ဟု သိရသည်။

အိမ်ရှင်ဖြစ်သူ ဦးထျားရုနှင့် ဒေါ်မကီတို့ နေထိုင်သော အမှတ် ၁၄၂ နိုပီကွင်း မြေအမှတ် ၈၆/ခ တွင် မြေ ပေ ၁၀၀ ပတ်လည်ရှိပြီး ၎င်းမြေကွက်ပေါ်သို့ စီမံကိန်းရုံးမှ ဝန်ထမ်းများဖြစ်သည့် ဒေါ်ကြူကြူဆွေ နှင့် ဒေါ်ခင်မိုးအေးတို့ကို အိမ်ကွက်နေရာ ချထားပေးသည့်အတွက် အမှုဖြစ်ပွားခဲ့ပြီး ပိုင်ဆိုင်မှု အထောက်အထားမပြနိုင်သည့် ဦးထျားရု တို့လင်မယား အမှုရှုံးနှိမ့်ခဲ့ခြင်းဖြစ်သည်။

ဒေသခံရွာသားများက လက်ရှိနေထိုင်သူ အိမ်ရှင်ဦးထျာရုနှင့် ဒေါ်မကီးတို့ဘက်မှ ထောက်ခံပေးသည့် အပြင် အိမ်ကို ရွှေ့ပေးရန် သက်ဆိုင်ရာဌာနမှ ဝန်ထမ်းများက လာရောက်ဖယ်ရှားခဲ့စဉ် ဒေသခံ ရွာသားများကန့်ကွက်ခဲ့သဖြင့် ၎င်းကန့်ကွက်သည့်သူများကို တရားရုံးမှ ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် ဇူလိုင် လ ၉ ရက်နေ့တွင် မြို့နယ်တရားရုံးမှ ဒေသခံ ၁၂ဦး ကို ဆင့်ခေါ်စာ ပေးပို့ခဲ့သည့် အတွက် ဒေသခံများအတွက် စိုးရိမ်ကာ ကျေအေးပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဒေသခံရွာသားများပါဝင်လာသည့်အတွက် ထိခိုက်မှုများရှိမရှိစေရန် လက်ရှိနေထိုင်သူက မြေဧက ပေ ၁၀၀ ပတ်လည်မှ ပေ ၂၀ ကိုသာ လက်ခံကျေအေးပေးလိုက်သည်ဟု သိရသည်။

ယင်းကိစ္စအပေါ် မသက်ဆိုင်သည့် ဒေသခံရွာသားများကို ထိခိုက်လာမည်ကို စိုးရိမ်သည့် အိမ်ရှင် ဖြစ်သူ ဒေါ်မကီတို့က ဇူလိုင် ၂၃ ရက်နေ့က တရားနိုင်သူ စီမံကိန်းဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး နဂိုရှိနေသည့် ပေ ၁၀၀ ပတ်လည်ကို ဒေါ်မကီတို့ နေထိုင်ရန် ပေ ၂၀ ပေးကာ သဘောတူညှိနှိုင်း ကျေအေးပေးခဲ့ကြောင်း သိရသည်။

"တရားစွဲမယ်ဆိုတော့ ကျေအေးလိုက်တော့မယ်လေ။ ပေ၂၀ ပေါ်မှာဘဲ စိတ်ချမ်းသာသာနဲ့ နေလိုက်တော့မယ်"ဟု ဒေါ်မကီက ဆိုသည်။

ဒေါ်မကီတို့ နေအိမ်ရွေ့ပြောင်းစရိတ်ကို တရားနိုင်ဘက်မှ ကျခံပေးမည်ဖြစ်ပြီး နေ့စားငှားရန်ခကို တရက်လျှင် ၅,၀၀၀ ကျပ်ပေးရန် သဘောတူထားကြောင်း ဒေါ်မကီက ဆိုသည်။

ကယားပြည်နယ်အတွင်းတွင် မြို့နယ်အသီးသီး၌ ခြံမြေကွက်နှင့်ပတ်သက်၍ ပိုင်ဆိုင်မှု အထောက်အထားများ သို့မဟုတ် မြေဂရမ်များ မရှိကြသေးပေ။

ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...