ကချင်ပြည်မှာ စစ်အုပ်စုရဲ့ အဓမ္မဖမ်းဆီးခံရပြီး စစ်မှုထမ်းရသူ ၅၀၀ နီးပါးရှိ

ကချင်ပြည်မှာ စစ်အုပ်စုရဲ့ အဓမ္မဖမ်းဆီးခံရပြီး စစ်မှုထမ်းရသူ ၅၀၀ နီးပါးရှိ

စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မသင်တန်းပို့ခံရတဲ့ သူအရေအတွက်ဟာ ကချင်ပြည်နယ်မှာ ၄၆၉ ယောက် ရှိနေတယ်လို Unlawful Conscription Watch ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Unlawful Conscription Watch ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက လွှင့်တင်ထားတဲ့ Dashboard ဖြစ်ပြီး ၂၀၂၆ ခုနှစ် မေလ ၃၁ ရက်နေ့ထိ ရရှိထားတဲ့ စာရင်းတွေဖြစ်တယ်လို့ သိပါတယ်။

ဒါဟာ တိုင်ကြားခံရတဲ့ အမှု ၂၄ မှုရဲ့ အရေအတွက်သာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့တော့ အမှုပေါင်း ၁,၉၁၃ မှုရှိတယ်လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးမှာ စစ်မှုထမ်းနဲ့ အဖမ်းခံရတဲ့သူ အရေအတွက်ကတော့ ၃၂,၉၇၄ ယောက်ရှိပြီး အဲဒီထဲမှာ မန္တလေးတိုင်းက အယောက် ၉,၄၃၄ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်က ၃,၉၉၃ ယောက်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းကတော့ ၃,၆၄၉ ယောက်နဲ့ တတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

CDM စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးအဖွဲ့ (MDSI) ကတော့ စစ်အုပ်စုဟာ အပတ်စဉ် ၂၂ အထိ သင်တန်းဆင်းပေးထားပြီး အယောက် တစ်သိန်းကျော် စုဆောင်းမိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

စုဆောင်းထားသူတွေထဲက ၇၀ ရာခိုင်နှုန်းဟာ ခြိမ်းခြောက်ဖမ်းဆီးခံရတာနဲ့ လိမ်လည်စုဆောင်း ခံရသူတွေဖြစ်တယ်လို့ MDSI က ထုတ်ပြန်ထားပါတယ်။

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...