ကလေးမြို့ပေါ်မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးတာတွေ အရှိန်မြှင့်နေ

ကလေးမြို့ပေါ်မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးတာတွေ အရှိန်မြှင့်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတာတွေကို ရပ်ကွက်နေရာအနှံ့မှာ စစ်ဆေးဖမ်းဆီးတာတွေကို အရှိန်မြှင့် လုပ်ဆောင်လာနေတယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီရက်ပိုင်းအတွင်းမှာဘဲ မြို့ပေါ်ရပ်ကွက်တွေကနေ တစ်နေ့တည်း လူငယ် အယောက် ၃၀ ဝန်းကျင်လောက်ကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာမျိုး ရှိခဲ့တယ်လို့လည်း ကလေးမြို့နေ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

ကလေးမြို့ဒေသခံလူငယ်တစ်ဦးက “ပြီးခဲ့တဲ့ လေးရက်လောက်ကထင်တယ်။ တစ်ရက်တည်းနဲ့ အယောက် ၃၀ လောက်ဆွဲခံရတယ်။ အခုနောက်ပိုင်းလည်း တချို့လူတွေ သတိမထားမိတဲ့ နေရာမျိုးတွေမှာလည်း များလာတယ်။ မင်္ဂလာဥယျာဉ်ရပ်ကွက်က မိုးလေဝသရုံးရှိတဲ့ အဲ့နားမှာလည်းစောင့်ဖမ်းတယ်။ တခြားနေရာတွေလည်းပေါ့။ မင်းကြီးရှေ့တော့ အမြဲလိုလိုဖမ်းတယ်။ တအားဆွဲတယ်။ ရပ်ကွက်ကြားထဲတွေထိသွားပြီးမှဖမ်းတာမျိုး။ မိုးလေဝသနားကဆိုရင် ဒီရက်ပိုင်းကဘဲ ပန်းရံဆင်း အလုပ်ပြန်တဲ့သူတွေ အလုပ်သိမ်းပြီး ပြန်လာတဲ့သူ ၄ ယောက်လောက်ဆွဲခံရတယ်” လို့ပြောပါတယ်။

စစ်ကောင်စီဟာ အရင်က ၎င်းတို့စိုးမိုးထားတဲ့ ရပ်ကွက်တွေမှာသာ စစ်မှုထမ်းအပတ်စဉ်တိုင်းအတွက် လူဖြည့်တာတွေ လုပ်ခဲ့ကြပေမယ့် ဒီနောက်ပိုင်းမှာတော့ မြို့ပေါ်နေရာအနှံ့အပြားမှာ စစ်မှုထမ်းအတွက် ဖမ်းဆီးတာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။

လူငယ်တွေအနေဖြင့် စစ်ကောင်စီရဲ့ စစ်မှုထမ်း ပေါ်တာဆွဲတာမခံရအောင် ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင် ကော်မတီ အဖွဲ့ကနေလည်း သတိပေးချက်တွေ အမြဲထုတ်ပြန်ပေးလေ့ရှိပြီး ကလေးမြို့ရဲ့ အဓိက လမ်းမကြီးတွေကို ရှောင်ရှားကြဖို့နဲ့ လူစည်ကားချိန်တွေ တဦးတည်းသွားလာတာတွေ ရှောင်ရှားကြဖို့ နဲ့ မြေပြင်သတင်းတွေကို မျက်ခြေမပြတ် နားစွင့်ကြဖို့ သတိပေးထားပါတယ်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...