စစ်အစိုးရ ဆောင်ရွက်နိုင်စွမ်းရှိတဲ့ မေးခွန်းတွေသာ မေးမြန်းကြဖို့ မွန်လွှတ်တော် ဥက္ကဋ္ဌ ပြော

စစ်အစိုးရ ဆောင်ရွက်နိုင်စွမ်းရှိတဲ့ မေးခွန်းတွေသာ မေးမြန်းကြဖို့ မွန်လွှတ်တော် ဥက္ကဋ္ဌ ပြော

လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အဆို၊မေးခွန်းတွေကိုသာ ဦးစားပေး မေးမြန်းတင်သွင်းကြဖို့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးသက်ထွေးက ပြောပါတယ်။

ဇွန် ၈ ရက်နေ့ မနက်ပိုင်းက မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် လွှတ်တော်ရုံးမှာ ကျင်းပတဲ့ အဆို၊မေးခွန်းတွေနဲ့ စပ်လျဉ်းတဲ့ ညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

ဦးသက်ထွေးက မေးခွန်းနဲ့အဆိုတွေ တင်သွင်းမေးမြန်းရမှာ ကာလံ ဒေသံနဲ့လိုက်လျောညီထွေမယ့် ပြည်နယ်အစိုးရက ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အဆို၊မေးခွန်းတွေကို ဦးစားပေး မေးမြန်းကြဖို့ တိုက်တွန်းခဲ့တာပါ။

ဒါ့အပြင် လွှတ်တော်နဲ့ပြည်နယ်အစိုးရအဖွဲ့ ပွတ်တိုက်မှု နည်းအောင် နှစ်ဦးနှစ်ဖက် ကိုယ်ချင်းစာတရားနဲ့ ဆောင်ရွက်ကြဖို့ လိုအပ်ပြီး ပြည်သူလူထုက လိုချင်တဲ့အရာနဲ့ အစိုးရက လုပ်နိုင်စွမ်းအရာတွေကို balance ဖြစ်အောင် သုံးသပ် တင်ပြဆောင်ရွက်ကြဖို့ ပြောဆိုခဲ့တာပါ။

မွန်ဒေသခံ တစ်ဦးကတော့ လွှတ်တော် ဥက္ကဋ္ဌရဲ့ ပြောဆိုမှုဟာ လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ အစိုးရအပေါ် ထိန်းကြောင်းတဲ့ အဆိုမေးခွန်း တင်သွင်းမှုကို ကန့်သတ်ချင်တဲ့ သဘောမျိုးဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။

လွှတ်တော်နဲ့ပြည်နယ်အစိုးရအဖွဲ့ ပွတ်တိုက်မှု နည်းအောင် ဆောင်ရွက်ကြဖို့ ပြောဆိုမှုဟာလည်း စစ်အစိုးရအပေါ် ပြည်နယ်လွှတ်တော်ရဲ့ ထိန်းကြောင်းမှု အားနည်းသွားစေနိုင်တယ်လို့ ဆိုပါတယ်။

ဦးသက်ထွေးဟာ စစ်တပ်ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မော်လမြိုင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရပြီးနောက် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ။

တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ဇွန် ၉ ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး ဒီအစည်းအဝေးမှာ မေးခွန်း ၂၉ ခု၊ အဆို လေးခု တင်သွင်းမေးမြန်းသွားဖို့ ရှိနေပါတယ်။

ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...
ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...