သော်ခူစစ်ရှောင်စခန်းမှာ ကျောင်းဖွင့်နိုင်ဖို့ ကျောင်းဆောင်လိုအပ်

သော်ခူစစ်ရှောင်စခန်းမှာ ကျောင်းဖွင့်နိုင်ဖို့ ကျောင်းဆောင်လိုအပ်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် သော်ခူ စစ်ရှောင်စခန်းမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းဖွင့်လှစ်နိုင်ဖို့ ကျောင်းဆောင်အမိုးအကာလိုအပ်တယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။ 

သော်ခူစစ်ရှောင်စခန်းမှာ ကျောင်းသားဦးရေ ၆၀ ကျော်ရှိတယ်လို့ ပြောပါတယ်။ ကျောင်းသားတချို့က ကျောင်းတက်နိုင်ဖို့ တခြားနေရာက ဆွေမျိုးသားချင်းတွေဆီမှာ သွားနေပြီး ကျောင်းတက်ကြပေမယ့် အများစုက ကျောင်းတက်ခွင့်မရသေးဘူးလို့ ပြောပါတယ်။ 

စစ်ရှောင်မိသားစုဝင်တွေက ကျောင်းဆောင်ကို ဝါးနဲ့ ဆောက်နေကြပြီဖြစ်ပေမယ့် လိုအပ်ချက်ကတော့ ရှိနေတယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ 

“နီးစပ်ကျေးရွာဆီကနေ ၀ါးအကူညီနဲ့ တောင်းပီးဆောက်ထားပါတယ်။ ပြီးခဲ့နှစ် အမိုးအကာအဟောင်းသုံးထားပါတယ်။ အနည်းကျင်းတော့ယိုပါတယ်။ အဟောင်းဆိုတော့ အကာလည်း အပေါက်ပေါက်နဲ့ပါပဲ။ အကူအညီ ထောက်ပံရရှိဖို့ မျှော်လင့်နေကြပါတယ် တဲထိုး အမိုးအကာရောပဲ” လို့ သူက ပြောပါတယ်။ 

သော်ခူ စစ်ရှောင်စခန်းအတွင်းမှာ Grade 6 အထိ ကျောင်းဖွင့်ဖို့ စီစဥ်ထားတယ်လို့ လည်း စစ်ရှောင်တွေကပြောပါတယ်။ ကျောင်းမှာ စာသင်ကြားပေးနိုင်ဖို့အတွက် စေတနာ့ဝန်ထမ်း အချို့ကို လျာထားတာရှိပေမယ့် ကျောင်းအမြန်ပြီးဖို့ လိုအပ်တယ်လို့လည်းပြောပါတယ်။ 

သော်ခူစစ်ရှောင်စခန်းက အာဏာသိမ်းတပ် စစ်ကြောင်းကြောင့် တောထဲထွက်ပြေးတိမ်းရှောင်တာ အခုဆိုရင် တစ်လ ကြာမြင့်နေပြီလို့ပြောပါတယ်။ အမိုးအကာအလုံအလောက်မရှိတာကြောင့်လည်း စစ်ရှောင်မိသားစုတွေတချို့က စုပေါင်းနေထိုင်ကြတယ်လို့လည်း သိရပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့က ဆိုမိုဖရေစိုးလေး (ရှားတော) မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး ပျက်စီးမှုအခြေအနေ။ / Crd
September 21, 2026
ကရင်နီပြည်တွင် စစ်အုပ်စုတပ်၏ အသေခံဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ...
ဓာတ်ပုံ - ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ မူအန်းဂျလာ။
September 21, 2026
ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် လစ်လပ်သွားသည့်...
ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...