ရွှေကူမြို့ဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူ လမ်းမကြီးကို KIA က သွားလာခွင့်ပိတ်

ရွှေကူမြို့ဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူ လမ်းမကြီးကို KIA က သွားလာခွင့်ပိတ်

ရွှေကူမြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူ လမ်းမကြီးအားလုံးကို ဇွန်လ ၈ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တပ်မဟာ ၁၁ လက်အောက်ခံ အမှတ် ၁၂ တပ်ရင်းက အသိပေးထုတ်ပြန်လိုက်ပါတယ်။

ပြည်သူတွေအနေနဲ့ တော်လှန်- လမ်းကူး-စီသာ- မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြဖို့နဲ့ ပိတ်ပင်ထားတဲ့ လမ်းပိုင်းတွေကို သွားလာရင် နောက်ဆက်တွဲ ပြဿနာတွေကို KIO/KIA ကနေ လုံးဝ(လုံးဝ) တာဝန်ယူသွားမှာ မဟုတ်ဘူးလို့လည်း အသိပေးချက်မှာဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ရွှေကူမြို့တွင်းက ပြည်သူတွေအားလုံး ထွက်ခွာတိမ်းရှောင်ကြဖို့ကိုလည်း အသိပေးထားပြီး ထွက်ခွာတိမ်းရှောင်တာမရှိတဲ့ ပြည်သူတွေကိုလည်း နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ပြဿနာတွေကို KIO/KIA က လုံးဝ(လုံးဝ) တာဝန်ယူသွားမှာမဟုတ်ဘူးလည်း အသိပေးချက်မှာ ဖော်ပြပါတယ်။

စစ်အစိုးရဟာ ရက် ၁၀၀ စီမံကိန်းအတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေကို ငြိမ်းချမ်းရေအတွက် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပေမဲ့ ကချင်ပြည်နယ်အတွင်းက ဗန်းမော်၊ ရွှေကူ၊ ဝိုင်းမော်၊ ဖားကန့်နဲ့ အင်းတော်ကြီးဒေသတွေဘက်မှာ စစ်ကြောင်းထိုးတာတွေ ရှိနေပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး KIA ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာ လက်ရှိအချိန်ထိ ဖြစ်ပါတယ်။

အခုချိန်မှာ ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်မြို့နဲ့ ရွှေကူမြို့တို့မှာသာမက ဖားကန့်မြို့နယ်အတွင်းမှာလည်း စစ်တပ်နဲ့KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

လွန်ခဲ့တဲ့ ဇွန် ၅ ရက်နေ့မှာလည်း မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်းပိုင်းအတွင်း စစ်အုပ်စုနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို တင်ဆောင်တာတွေမပြုလုပ်ဖို့ ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် KIAတပ်မဟာ ၉ လက်အောက်ခံ၊ တပ်ရင်းက ၂၆ နယ်မြေဖြစ်တဲ့ ဟိုပင်မြို့ ဟိုပင် - ကျောက်ဝါ လမ်းပိုင်း ၊ဟိုပင် - ညောင်ပင် လမ်းတံတား နဲ့ အနီးတစ်ဝိုက်က လမ်းပိုင်းနဲ့ တံတားတွေမှာ ဆိုင်ကယ်တွေ ယာဉ်ကြီး/ယာဉ်ငယ်တွေ၊ အိမ်စီးကားတွေနဲ့ ကုန်ပစ္စည်းတင်ဆောင်တဲ့ ယာဉ်အားလုံးကို ဖြတ်သန်းသွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်လို့ မေလ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...