တွန်းဇံမြို့ကို ချင်းပူးပေါင်းတပ်က ထပ်မံလက်လွှတ်လိုက်ရ

တွန်းဇံမြို့ကို ချင်းပူးပေါင်းတပ်က ထပ်မံလက်လွှတ်လိုက်ရ

ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုများကြောင့် တွန်းဇံမြို့ကို ချင်းပူးပေါင်းတပ်များသည် ယာယီလက်လွှတ်ခဲ့ရကြောင်း သိရသည်။ 

တွန်းဇံမြို့ကို ပြန်လည်း ရရှိနိုင်ရေးအတွက် စစ်ကောင်စီတပ်နှင့် ၎င်း၏လက်ပါးစေ ZRA—EC ပူးပေါင်းတပ်သည် တီးတိန်မြို့နှင့် ကျီခါးမြို့ဘက်သို့မှ နှစ်ဖက်ညှပ်၍ အင်အားရာချီ အသုံးပြု၍ ဒရုန်း၊ လေကြောင်းပစ်ကူများ အဆမတန် အသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ 

“တွန်းဇံကို လေကြောင်းပစ်ကူ၊ ဒရုန်းတွေနဲ့ အပြင်းအထန်တိုက်တယ်၊ မြေပြင်မှာလည်း အပြင်းအထန်တိုက်ပွဲဖြစ်ပြီး ဒီနေ့ ညနေပိုင်းမှာတော့ ချင်းပူးပေါင်းတပ်တွေ တပ်ဆုတ်ပေးလိုက်ရပါတယ်” ဟု ၎င်းက ပြောသည်။ 

ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသော ဖလမ်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်းသိမ်းပိုက်ပြီး တစ်လနီးပါး အကြာတွင် တွန်းဇံမြို့ကို ချင်းတော်လှန်ရေးတပ်များက ထပ်မံ ဆုံးရှုံးရခြင်းဖြစ်သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်နှင့် ZRA ပူးပေါင်းတပ်များသည် တီးတိန်မြို့နှင့် ကျီခါးမြို့တို့တွင် စစ်ရေးစုဖွဲ့ပြင်ဆင်ပြီးနောက် မေလ ၁၁ ရက်က စတင်စစ်ကြောင်းထိုးလာခဲ့ကြောင်း၊ မေလ ၁၃ ရက်မှစတင်၍ ဒရုန်းနှင့် အပြန်အလှန်ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

ယင်းသို့ ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက် မေလ  ၁၇ ရက်မှ စတင်၍ နှစ်ဖက်တပ်များအကြား အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မေလ ၁၉ ရက် ညနေပိုင်းမှာ ချင်းပူးပေါင်းတပ်သည် မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားရာမှ ဆုတ်ခွာပေးခဲ့ရ သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်အင်အား ၅၀၀ - ၆၀၀ ခန့်နှင့် ZRA မှ အင်အား ၂၀၀ နီးပါးတို့သည် တွန်းဇံမြို့ကို စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ သည်ဟု သိရသည်။ 

၂၀၂၄ ခုနှစ် မေလထဲမှာ တွန်းဇံမြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး မြို့သိမ်းထားမှု ၂ နှစ်ခန့်အကြာ မှာ CDF-Tonzang နှင့် ချင်းပူးပေါင်းတပ်တို့သည် မြို့ကို လက်လွှတ်ရခြင်းဖြစ်သည်။ 

Most read this week

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...