ချီဖွေငယ်ရေအားလျှပ်စစ် ပြင်ဆင်ပြီးပေမယ့် ရပ်ကွက်တချို့သာ မီးလင်းသေး

ချီဖွေငယ်ရေအားလျှပ်စစ် ပြင်ဆင်ပြီးပေမယ့် ရပ်ကွက်တချို့သာ မီးလင်းသေး
ချီဖွေငယ်ရေအားလျှပ်စစ်ကိုတွေ့ရစဉ်/Credit
ချီဖွေငယ်ရေအားလျှပ်စစ်ကိုတွေ့ရစဉ်/Credit

ချီဖွေငယ်ရေအားလျှပ်စစ်ကို ပြန်လည်ပြုပြင်နေတာပြီးစီးသွားပေမယ့် မြစ်ကြီးနားမြို့ ပေါ်ရပ်ကွက်တချို့သာ လျှပ်စစ်မီးရရှိနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့နယ်အပါအဝင် မြို့နယ်တစ်ချို့များမှာ ချီဖွေငယ် ရေအားလျှပ်စစ်ပြုပြင်ရန်အတွက်ဟုဆိုကာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့မှစ လကုန် ၃၀ ရက်နေ့အထိ ရက်သတ္တပတ် ၁၄ ရက် တိတိ ၂၄ နာရီလျှပ်စစ်ဓာတ်အား ယာယီ ဖြတ်တောက်ထားခဲ့ပါတယ်။

“ သူတို့ပေးတဲ့ လိုင်းမတူလို့ထင်တယ်မရသေးဘူး။ ကြားတာတော့ ညနေလောက်မှပြန်ရမယ်ပြောတာပဲ။ နေရာတော်တော်များများတော့မရသေးပါဘူးလေ” ဟု မြို့ခံတစ်ဦးက ဆိုပါတယ်။

ဧပြီ ၃၀ ရက်နေ့ ညနေမှာ မြစ်ကြီးနားမြို့ပေါ်ရှိ မြို့သစ်ကြီးရက်ကွက်၊ စက်မှုရပ်ကွက် နဲ့ မန်ခိန် ရပ်ကွက်များသာ လျှပ်စစ်မီးပြန်လည်ရရှိနေတာဖြစ်ပြီး ကျန်မြို့နယ်များမှာ ယခုထိ မရရှိသေးပါဘူး။

မိုးညှင်း၊မိုးကောင်းမြို့နယ်တွေကိုတော့ မေလ ၁ ရက်နေ့ညနေပိုင်းမှ လျှပ်စစ်မီးတွေစတင်လွှတ်ပေးတော့မယ်လို့ လျှပ်စစ်နဲ့နီးစပ်သူတွေက ဆိုထားပါတယ်။

လျှပ်စစ်ဓာတ်အားဖြတ်တောက်စဉ် ကာလအတွင်း ဘက်ထရီဆိုင်ကယ်အသုံးပြုသူများမှာ ဆိုလာနဲ့ မီးစက်တပ်ဆင်ထောင်ထားသူများထံမှာ သွားရောက်အားသွင်းရာတွင် အခကြေးငွေ အဆမတန်ကောက်ခံမှုတွေကြောင့် အခက်အခဲတွေ့ကြုံခဲ့ရတယ်လို့သိရပါတယ်။

လတ်တလောမှာ မြစ်ဆုံစီမံကိန်းရေအားလျှပ်စစ်အတွက် ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဒေသခံများနဲ့ နေရာအများစုမှာ ဆွေးနွေးပွဲများကို ( ၁၀) ကြိမ်ထက်မနည်း လုပ်ဆောင်နေပေမယ့် တစ်ဖက်မှာလည်း စီမံကိန်းကို မလိုလားသောဒေသခံ (၈၀) ကျော်က ကန့်ကွက်တဲ့စာသားများကိုင်ဆောင်ကာ ဧရာဝတီမြစ်ကမ်းဘေးတစ်နေရာတွင် ဆန္ဒထုတ်ဖော်နေကြတာလည်းဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...