စစ်တွေတွင် ဒေသခံ ၇၀ ခန့် ဖမ်းဆီးခံရ

စစ်တွေတွင် ဒေသခံ ၇၀ ခန့် ဖမ်းဆီးခံရ

(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ)

ပိုးဝါ — ရခိုင်ပြည်၊ စစ်တွေမြို့မှာ မွတ်ဆလင် ၄၀  အပါအဝင် ဒေသခံ ၇၀ ခန့်ကို အကြမ်းဖက် မြန်မာစစ်တပ်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဧပြီလ ၂၇ ရက်၊ ည ၁၁ နာရီခန့်မှာ စစ်တွေမြို့၊ ဘောက်သီးစု၊ ကျောင်းတက်လမ်း၊ လမ်းမတော်တောင်ရပ်ကွက်နှင့် ဟာရီရွာက ဒေသခံ ၇၀ ခန့်ကို ရဲ၊ လဝက နှင့် စစ်တပ်ပူးပေါင်းအဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း စစ်တွေဒေသခံများက ပြောသည်။

"ဧည့်စာရင်းဆိုပြီး လာစစ်ပြီးတော့ဖမ်းတာ။ သုံးလေးရက်ရှိပြီ။ ဒီလ ၂၇ ရက်နေ့ ညက ၇၀ လောက်ဖမ်းဆီးခံရတယ်။ အားနဲ့အင်နဲ့ စစ်ဆေးမွှေနှောက်နေတာ။ မိသားစုတွေကတော့ သွားပြောတာ အသနားခံထားတာရှိတယ်လို့ သိရပါတယ်" ဟု အမည်မဖော်လိုသည့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက နိရဉ္စရာကို ပြောသည်။

ဖမ်းဆီးခံရသူများမှာ ဟာရီရွာကမွတ်ဆလင်အမျိုးသား ၄၀ နှင့် စစ်တွေမြို့ပေါ် ရပ်ကွက်များဖြစ်ကြသည့် ဘောက်သီးစု၊ ကျောင်းတက်လမ်း နှင့်လမ်းမတော်တောင်ရပ်ကွက်တို့မှ စုစုပေါင်း ရခိုင်အမျိုးသား ၃၀ ခန့်တို့ဖြစ်ကြသည်။

မည်သည့်အပြစ်မှမရှိဘဲ ဧည့်စာရင်းအကြောင်းပြဖမ်းဆီးထားပြီး ယခုအချိန်ထိပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်ညအချိန်ကလည်း အင်အား ၂၀ ခန့်ပါသည့် စစ်အုပ်စု ပူးပေါင်း အဖွဲ့က စစ်တွေ၊ ရွာကြီးတောင်ရပ်ကွက်က မဏိရတနာ ဘုန်းတော်ကြီးကျောင်းကို ဧည့်စာရင်းဝင်ရောက်စစ်ဆေးကာ အသက် ၄၀ အရွယ်စခန်းတာဝန်ခံ အမျိုးသမီးကိုဖမ်းဆီးသွားခဲ့သည်။

အကြမ်းဖက်မြန်မာစစ်တပ်သည် စစ်တွေမြို့ပြင်ရှိကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူများကို စစ်တွေမြို့ပေါ်ကဘုန်းကြီးကျောင်းများသို့ အတင်းအဓမ္မ  ရွှေ့ပြောင်းစေခဲ့သည်။

အဆိုပါစစ်ဘေးရှောင်များအပါအဝင် စစ်တွေမြို့ပေါ်ကဒေသခံများကို မကြာခဏဧည့်စာရင်းအကြောင်းပြကာစစ်ဆေးကာ ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

မြန်မာစစ်တပ်သည် ဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်နေပြီး ဖမ်းဆီးခံရသူများကို ငွေကြေးတောင်းခံကာ ပြန်လွှတ်ပေးမှုလည်းရှိသလို စစ်မှုထမ်းအဖြစ် စစ်သင်တန်းပေးကာ ရှေ့တန်းသို့ပို့ဆောင်မှုများလည်းရှိနေသဖြင့် ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်လျက်ရှိသည်။ 

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...