မွန်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမယ်လို့ မွန်ဝန်ကြီးချုပ်သစ် ပြော

မွန်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမယ်လို့ မွန်ဝန်ကြီးချုပ်သစ် ပြော

မွန်ပြည်နယ်အတွင်းရှိ ပြည်သူလူထုတွေရဲ့ လူမှုစီးပွားဘဝ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ်သစ် ဗိုလ်မှူးချုပ် အောင်ဝင်သန်းက ပြောပါတယ်။

ဧပြီ ၁၀ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားစဉ် ဝန်ကြီးချုပ်သစ် ဗိုလ်မှူးချုပ် အောင်ဝင်သန်းက ကတိပြုပြောဆိုခဲ့တာပါ။

ဝန်ကြီးချုပ်သစ် ဗိုလ်မှူးချုပ် အောင်ဝင်သန်းက ပြည်နယ်အတွင်းမှာရှိတဲ့ ပညာရေး၊ကျန်းမာရေး၊စိုက်ပျိုးရေး၊မွေးမြူရေး၊ ရေရရှိရေးနဲ့ မီးရရှိရေးတို့လည်း ကြိုးစားဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးစနစ် အကောင်အထည် ဖော်ရာမှာလည်း ပြည်သူကို ဗဟိုပြုတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ကျင့်သုံးဖော်ဆောင်သွားမှာ ဖြစ်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးတို့ကိုလည်း ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားရေးမဏ္ဍိုင်တို့ရဲ့ အပြန်အလှန် ထိန်းကျောင်းမှုအပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ကျင့်သုံးဆောင်ရွက်သွားမှာလည်း ဖြစ်သလို ဒေသဖွံ့ဖြိုးရေးကိုလည်း လွှတ်တော်နဲ့ ဟန်ချက်ညီညီ လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဗိုလ်မှူးချုပ် အောင်ဝင်းသန်းကို ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုခန့်အပ်ထားပါတယ်။

July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...