ချင်းနဲ့ စစ်ကိုင်းမှာ မတ်လအတွင်း လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၁၀၀ ကျော်သေဆုံး

ချင်းနဲ့ စစ်ကိုင်းမှာ မတ်လအတွင်း လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၁၀၀ ကျော်သေဆုံး

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့တဲ့ မတ်လ တစ်လအတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသား၁၆ ဦး၊ အမျိုးသမီး ၁၆ ဦး နှင့် ကျား - မ မခွဲခြားနိုင်သူ ၁၁၆ ဦး သေဆုံးခဲ့ ပြီးထိခိုက်ဒဏ်ရာရသူ ၈ ဦး ရှိခဲ့ပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ခပ်စိပ်စိပ် ပိုလုပ်လာနေတယ်လို့ Women for Justice – WJ ရဲ့ ဧပြီလ ၁၀ ရက်နေ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး မြေမြှုပ်မိုင်းကြောင့် အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သလို စစ်မှုထမ်းရန် မတရားဖမ်းဆီးခံရသူ အမျိုးသား ၃၅ ဦး၊ ဖမ်းဆီးသတ်ဖြတ်ခံရသူ အမျိုးသား ၃ ဦး ရှိပြီး ဖမ်းဆီးချုပ်နှောင်ခံရသူမှာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ရှိခဲ့တယ်လို့လည်း WJ က ဆိုပါတယ်။

မတ်လ အတွင်း စစ်အုပ်မှ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကို ခပ်စိပ်စိပ် ပြန်လုပ်လာနေလို့ စစ်ဘေးတိမ်းရှောင်နေရတဲ့ အရပ်သားပြည်သူတွေလည်း ယခင်ကထက် ပိုမိုများပြားလာနေပြီး ချင်းပြည်နယ်တွင် စစ်ဘေးတိမ်းရှောင်သူ ပြည်သူ ၄၅၀၀၀ ကျော် နဲ့ စစ်ကိုင်းတိုင်းမှာ ၉၂၀၀၀၀ ကျော် ရှိလာနေပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးစားချိန်ကစလို့ ယနေ့အချိန်ထိ စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်များအပေါ် ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နည်းမျိုးစုံဖြင့် ကျူးလွန်နေဆဲဖြစ်တယ်လို့လည်း WJ က ဆိုထားပါတယ်။

Women for Justice – WJ အဖွဲ့အစည်းဟာ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အတွင်း နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ ထောက်ပံံ့ကူညီပေးတာတွေ အပြင် သတင်းမှတ်တမ်းနှင့် သုတေသန လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...