လေယာဉ်ဆီ မလုံလောက်၍ ရခိုင်လေကြောင်း ခရီးစဉ်အများစု ရပ်နား

လေယာဉ်ဆီ မလုံလောက်၍ ရခိုင်လေကြောင်း ခရီးစဉ်အများစု ရပ်နား
စစ်တွေလေဆိပ်အား ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။
စစ်တွေလေဆိပ်အား ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။

အမေရိကန်- အီရန် စစ်ရေး ဂယက်ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် စက်သုံးဆီအခက်အခဲနှင့် ရင်ဆိုင်နေကြပြီး လက်ရှိတွင် မြန်မာပြည်တွင်း လေကြောင်းခရီးစဉ် အများစုမှာလည်း ယာယီရပ်နားထားရကြောင်း သိရသည်။

လက်ရှိ ပြည်တွင်းခရီးစဉ်များကို အကန့်အသတ်ဖြင့် ပြေးဆွဲနေသော်လည်း ပြီးခဲ့သည့် မတ်လ ၂၁ ရက်မှ စ၍ စစ်တွေ၊ ကျောက်ဖြူ အပါအဝင် ပြည်တွင်း ခရီးစဉ်အများစု ရပ်နားထားရကြောင်း လေကြောင်းလိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

“ လေယာဉ်ဆီ အကန့်အသတ်ကြောင့် ခဏ ရပ်နားထားတဲ့ သဘောပါ။ အခု ဆွဲနေတာက ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ကလေး၊ နေပြည်တော်၊ မန္တလေးလောက်ပဲ ဆွဲဖြစ်ပါတယ်။ စစ်တွေ၊ ကျောက်ဖြူ၊ ဟုမ္မလင်း၊ မုံရွာ၊ ကျိုင်းတုံ၊ တာချီလိတ်နဲ့ အခြားနေရာ တော်တော်များများကို မဆွဲဘူး ” ဟု လေကြောင်းလိုင်းနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

မြန်မာပြည်တွင်း ခရီးစဉ်များကို အတတ်နိုင်ဆုံး နည်းနိုင်သမျှ လျှော့ချပြေးဆွဲနေကြောင်းလည်း သူက ဆက်ပြောသည်။

လက်ရှိတွင် လေကြောင်းလိုင်းများ ရပ်နားထားမှုကြောင့် နောက်ဆက်တွဲ လက်မှတ်ဈေးနှုန်းများ တက်လာနိုင်ကြောင်း လေယာဉ်လက်မှတ်အရောင်းဆိုင်များက ပြောသည်။

စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက “ ဆီဈေး တက်နေလို့ လေကြောင်းလိုင်းကို ၂၆ ရက်နေ့အထိ ပိတ်ထား တယ်ဆိုပြီး ပြောပါတယ်။ တကယ်လို့ ဖွင့်လာရင်တောင် တစ်ပတ်ကို တစ်ရက်လောက်ပဲ ဆွဲမယ် ဆိုပါတယ်။ လက်မှတ်ဈေးတွေ ထပ်တက်မယ် ထင်ပါတယ် ” ဟု ဆိုသည်။

လက်ရှိ စစ်တွေ - ရန်ကုန် ခရီးစဉ်လက်မှတ် တစ်စောင်ကို ငွေကျပ် ၇ သိန်းကနေ ၈ သိန်းအထိ ပေါက်ဈေး ရှိနေပြီး နောက်ထပ်လည်း ၁၀ သိန်းအထိ တက်လာနိုင်ကြောင်း စစ်တွေမြို့ခံ အမျိုးသမီးက ဆိုသည်။

ယခုကဲ့သို့ ရခိုင်ပြည်ကနေ ရန်ကုန်ခရီးစဉ် လေကြောင်းလိုင်းများ အဆင်မပြေဖြစ်လာလျှင် ကျန်းမာရေး ကိစ္စနှင့် ရန်ကုန်သွားမည့် ရခိုင်ပြည်သူများမှာ ပိုပြီး အခက်ကြုံလာနိုင်ကြောင်း စစ်တွေဒေသခံများက ပြောသည်။

လက်ရှိတွင် လေယာဉ်ခရီးစဉ်များ ရပ်နားနေသည့်အတွက် လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် အေဂျင်စီများ အနေဖြင့်လည်း အခက်ကြုံနေရပြီး လတ်တလောတွင် လက်မှတ်ရောင်းချမှုကို ပိတ်ထားရကြောင်း သိရသည်။

အလားတူ ရန်ကုန်က လေယာဉ်လက်မှတ် အရောင်းဆိုင်များတွင်လည်း ပြည်တွင်း ခရီးစဉ် လက်မှတ် အရောင်းအဝယ်များကို ရပ်နားထားကြောင်း ပြောကြသည်။

“ အရောင်း ပိတ်ထားတာ သုံး၊ လေးရက် ရှိပါပြီ။ လေကြောင်းလိုင်းတွေက သူတို့ စနစ်မှာ ရှိထားတဲ့ ရက်တွေကို ရောင်းခိုင်းနေပေမယ့် Flight cancel ဖြစ်၊ မဖြစ် အတိကျမသိသေးတာကြောင့်ပါ။ ထုတ်ရောင်းလိုက်လို့ Cancel ဖြစ်သွားရင် ငွေပြန်အမ်းရတာ အခက်အခဲရှိတယ်။ လက်မှတ် cancel တွေကလည်း နေ့တိုင်းလိုလို ဖြစ်နေတယ် ” ဟု ရန်ကုန်မှ လေယာဉ်လက်မှတ် ရောင်းချနေသူ အမျိုးသားတစ်ဦးက ဆိုသည်။

ထို့ပြင် လတ်တလော လေယာဉ်လက်မှတ် ဝယ်လိုသူများအနေဖြင့် လက်မှတ်များ ဝယ်ယူရရှိနိုင်သည်ဟု ဆိုတိုင်း အယုံမလွယ်ကြရန် သူက ဆက်လက်ပြောသည်။

အမေရိကန်-အီရန် စစ်ပွဲကြာ မြင့်လာသည်နှင့်အမျှ ကမ္ဘာတဝန်းလုံးတွင် စက်သုံးဆီ အကျပ်အတည်းကို နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းနေကြသော်လည်း မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ ဖြေရှင်းနည်းများကို ပြည်သူများအနေဖြင့် ဝေဖန်မှုများ ရှိနေသည်။

လက်ရှိတွင် ပြည်တွင်းလေကြောင်း ခရီးစဉ်များ ရပ်နားထားသည့်တိုင် စစ်ကောင်စီသည် နိုင်ငံတဝန်းလုံးက ပြည်သူများကို လေကြောင်းပစ်မှတ်ထား တိုက်ခိုက်မှုများကို နေ့စဉ် ပြုလုပ်ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည်။

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...