ဖလူး၊ မင်းလက်ပံတိုက်ပွဲအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းများ နေရာပြောင်းရွှေ့လည်ပတ်နေ

ဖလူး၊ မင်းလက်ပံတိုက်ပွဲအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းများ နေရာပြောင်းရွှေ့လည်ပတ်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူး၊ မင်းလက်ပံကျေးရွာနားတစ်ဝိုက် ပစ်ခတ်မှုများကြောင့် ဒေသတွင်းအွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ အခြားဘေးလွတ်နိုင်သည့်နေရာများသို့ ပြောင်းရွှေ့လည်ပတ်နေကြောင်း နယ်မြေခံသတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့်မတ်လဒုတိယအပတ်မှစ၍ ဖလူးကျေးရွာ ကျားဖြန့်ဆိုက်နှင့်အနီး စစ်အုပ်စုပစ်ခတ်သောလက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် ကျားဖြန့်လုပ်သားများ မော်တော်ယာဥ်များဖြင့် အသုတ်လိုက်နေရာပြောင်းကြခြင်းဖြစ်သည်။

“ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ‌ဝေါလေနဲ့ သုံးဆူဘက်ကို့ ရွှေ့ကုန်ကြပြီ။ တချို့ကလည်း ရွှေကုက္ကိုလ်၊ ဝမ်ခါနဲ့ သစ်ကတေဘက်ကိုရွေ့တယ်။

သူဌေးမတူတော့ ပြောင်းခိုင်းတဲ့နေရာတွေ လူခွဲပြီးပြောင်းတာမျိုးလုပ်နေတာ တွေ့တယ်” ဟု ကျောက်ခတ်နေ ဒေသခံတစ်ဦးက ပြောသည်။

လတ်တလော တိုက်ပွဲအခြေအနေပိုမိုပြင်းထန်လာသည့် ဖလူးကျားဖြန့်ဆိုက်အတွင်းအပြင် ဧရိယာတစ်ဝိုက်သို့ ပြီးခဲ့သည့်ရက်ပိုင်းက လက်နက်ကြီးများကျရောက်ရာတွင် ကျားဖြန့်အလုပ်သမား နိုင်ငံခြားသားအပါအဝင် မြန်မာနိုင်ငံသားအချို့လည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်။

ထို့ကြောင့် စစ်အုပ်စုကအယောင်ပြဖမ်းဆီးပြသော်လည်း အမြစ်မပြတ်ကျန်လျက် လည်ပတ်မြဲဖြစ်သော ကရင်လက်နက်ကိုင်အဖွဲ့ထိန်းချုပ်နေရာများကို ရွှေ့ပြောင်းလုပ်ကိုင်ကြခြင်းဖြစ်သည်ဟု လက်နက်ကိုင်အသိုင်းအဝိုင်းက ဆိုသည်။

ကရင်လက်နက်ကိုင်အဖွဲ့နှင့်နီးစပ်သူတစ်ဦးက “ဖလူးကိုဗုံးကြဲ၊ လက်နက်ကြီးပစ်တော့ နေရာရွေ့လုပ်တယ်။ နောက်ဘယ်နေရာတိုက်ပွဲဖြစ်မလဲ နေရာရွေ့လုပ်ကြမှာပဲ။ ဒီငွေလိမ်တာကအမြစ်ပြတ်မှာမဟုတ်ဘူး” ဟု ကေအိုင်စီကို ပြောသည်။

ဖလူးရှိအွန်လိုင်းငွေလိမ်ဂိုဏ်းများပြောင်းရွှေ့သွားသည့်နယ်မြေများမှာ မိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA၊ ကရင်နယ်ခြားစောင့်တပ်-BGF နှင့် ကရင်အမျိုးသားတပ်မတော်-KNA ထိန်းချုပ်နယ်မြေများအတွင်းရှိနေကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ရွှေကုက္ကိုလ်၊ KK Park ရှိ ရာဇဝတ်လုပ်ငန်းများကို စစ်အုပ်စုစီးနင်းမှုမတိုင်ခင်ကလည်း လုပ်ငန်းအတွင်းအရေးပါသူများ၊ ဝန်ထမ်းများ၊ ကျားဖြန့်လုပ်သားများ အစုလိုက်အပြုံလိုက် နေရာပြောင်းရွှေ့ခြင်းရှိခဲ့သေးသည်။

Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...