ဆေးထိုးအပ်တွေကို စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ရမ်ပူရပ်ကွက်နေ ပြည်သူတွေအခက်တွေ့နေ

ဆေးထိုးအပ်တွေကို စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ရမ်ပူရပ်ကွက်နေ ပြည်သူတွေအခက်တွေ့နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာဆေးထိုးအပ်တွေ စည်းကမ်းမဲ့စွန့်ပစ်ထားကြတဲ့အတွက် ရပ်ကွက်နေပြည်သူတွေ အဆင်မပြေမှုတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အဓိကအားဖြင့်တော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေဟာ လူသွားလူလာနေရာတွေ၊ ကလေးတွေ ဆော့ကစားတဲ့ ကွင်းပြင်လို နေရာမျိုးတွေမှာ မူးယစ်ဆေးဝါးတွေသုံးစွဲနေကြပြီး သုံးပြီးသား ဆေးထိုးအပ်တွေကိုတော့ အဲဒီနေရာတွေမှာဘဲ စွန့်ပစ်ထားကြတယ်လို့ ဆိုပါတယ်။

“အပ်တွေဆို ပြောမနေနဲ့ ဆေးသုံးပြီး အဲအတိုင်းထားခဲ့တာ ကလေးတွေအတွက် အန္တရယ်များတယ်လေ။ ကလေးတွေက ကျောင်းပိတ်ပြီဆိုရင် ကွင်းလွတ်တွေမှာဆော့ မူးယစ်ဆေးဝါးသမားတွေက အဲနေရာမှာ ဆေးသုံးပြီး ဆေးထိုးအပ်တွေ ထားခဲ့တာ”လို့ ဆိုပါတယ်။

ဒါအပြင် မူးယစ်ဆေးဝါးသုံးစွဲသူတွေဆီမှာ ကူးစက်ရောဂါတွေရှိနိုင်တဲ့အတွက် သူတို့အသုံးပြုထားတဲ့ ဆေးထိုးအပ်တွေကို ထိမိ၊ ဆူးမိပါက ကူးစက်ရောဂါတွေဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ ရမ်ပူ ဒေသခံတွေ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက တစ်ချို့ပရဟိတသမားတွေကနေပြီး အပ်တွေလာသိမ်းတာရှိပေမယ့်လည်း ဒီနောက်ပိုင်းမှာတော့ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ရပ်ကွက်သားတစ်ချို့ကနေပြီးတော့ ကိုယ်ထူကိုယ်ထလိုက်ကောက်တာတောင် တစ်ဂါလံပုံး တစ်ခုစာရရှိခဲ့တယ်လို့ လည်း ခုလို ဆက်ပြောပါတယ်။

“ဆီတစ်ဂါလံလောက်ဆံ့တဲ့ပုံး၊ ကိုးလို့ကန့်လန့်ထည့်တာမဟုတ်ဘဲ စီရီပြီး အဲလိုရဖူးတယ်။ အခုအချိန် လိုက်ကောက်ရင် ပေပါပုံးနဲ့ ရလောက်တယ်”လို့ နောက်ထပ်ရပ်ကွက်နေ အမျိုးသားတစ်ဦးဆိုပါတယ်။

ခုလို လူသွားလူလာလမ်း၊ကွင်းပြင်လို နေရာမျိုးတွေမှာ ဆေးထိုးအပ်အလွန်များပြားလာတာကြောင့် မိဘတွေအနေနဲ့လည်း ကလေးတွေ ဆေးထိုးအပ်တွေ မဆူးမိအောင် အမြဲလိုက်စောင့်ရှောက်နေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ကူးစက်ရောဂါတွေ မဖြစ်ပွားအောင် စည်းကမ်းမဲ့ဆေးထိုးအပ်တွေကို ကူညီရှင်းလင်းပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ရမ်ပူရပ်ကွက်ဟာ မြစ်ကြီးနားမြို့က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုအမြင့်ဆုံး ရပ်ကွက်ဖြစ်သလို ရဲတွေကနေပြီးတော့ အခွန်ကောက်ပြီး တရားဝင် ရောင်းဝယ်ခွင့်ပြုထားတဲ့နေရာလည်း ဖြစ်နေပြန်ပါတယ်။

ဒါအပြင် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့အတူ ခိုုးလာတဲ့ လုလာတဲ့ ပစ္စည်းတွေကိုလည်း ညဈေးသဖွယ် ရောင်းဝယ်ကြတဲ့နေရာ ဖြစ်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ၊ အကြမ်းဖက်မှုတွေနဲ့ လူသတ်မှုတွေဟာ အမြဲလိုလို လတိုင်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...