AA ထိန်းချုပ်နယ်မြေများတွင် လူမှုသဟဇာတ ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ ပြုလုပ်

AA ထိန်းချုပ်နယ်မြေများတွင် လူမှုသဟဇာတ ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ ပြုလုပ်
၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်တစ်နေရာ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture
၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်တစ်နေရာ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture

အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်တွင် မျိုးနွယ်များ ပေါင်းစုပြီး လူမှုသဟဇာတအရေးနှင့် ပတ်သက်ပြီး ယဉ်ကျေးမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲများကို ဆက်တိုက်ကျင်းပနေကြောင်း သိရသည်။

ယခု ပြီးခဲ့သည့် လကစ၍ ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်များတွင် အဆိုပါ ဆွေးနွေးပွဲများကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်သူများနှင့် တက်ရောက်သူများက ပြောသည်။

အဆိုပါ ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲကို ကျောက်တော်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၇ ရက်နှင့် ဘူးသီးတောင်မြို့နယ်တွင် မတ်လ ၆ ရက်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ ကံ့ကော်လူမှုဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ပြီး ပွဲတော်ကျင်းပတာ ဖြစ်ပါတယ်။ လူမျိုးစုတစ်စုနဲ့ တစ်စု အချင်းချင်း နားလည်ပေးနိုင်မှ အာရက္ခပြည် ပြန်လည်တည်ဆောက်ရေးမှာ များစွာ အကျိုးရှိမယ်။ ပြီးရင် လူမှုသဟဇာတလုပ်ဆောင်မှုတွေကို အခုထက်မက လုပ်ဖို့ လိုအပ်ပါတယ်။ နောက်ထက်လည်း ဒီထက်မက ရခိုင်ပြည်မှာရှိတဲ့ လူမျိုးစုတိုင်း ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ် ” ဟု မောင်တောခရိုင်က သက်အမျိုးသား လူငယ် ကိုပန်းကျော်ဒူး က DMG ကို ပြောသည်။

ထိုပွဲတော်များကို ယခင်နှစ်ကလည်း မောင်တောခရိုင်တွင် မြိုလူငယ်အစည်းအရုံး(MYU) နှင့် အခြားလူမျိုးစုများ ပူးပေါင်းပြီး ပြုလုပ်ခဲ့ကြောင်းလည်း ကိုပန်းကျော်ဒူးက ပြောသည်။

ကျောက်တော်မြို့နယ်တွင် ပြုလုပ်ခဲ့သည့် ပွဲတွင် ရခိုင်၊ မွတ်ဆလင်လူငယ်များ ပါဝင်ခဲ့ပြီး ဘူးသီးတောင်မြို့နယ်တွင် ရခိုင်၊ မြို၊ သက္ကမ၊ ခမီ၊ သက်နှင့် မွတ်ဆလင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်တွင် လူမှုသဟဇာတဖြစ်ပေါ်တိုးတက်မှုသည် စုံလင်ကွဲပြားသည့် မျိုးနွယ်စုအားလုံးအကြား အပြုသဘောဆောင်သည့် ဆွေးနွေးချက်များနှင့် ရိုးရာယဉ်ကျေးမှုများကြောင်းကို နှီးနှောဖလှယ်ခဲ့ကြောင်းလည်း ပွဲတက်ရောက်ခဲ့သူများက ပြောသည်။

“ ကျနော်တို့ ကျောက်တော်မြို့နယ်မှာလည်း ရိုးရာဓလေ့၊ ယဉ်ကျေးမှု၊ စာပေ၊ အစားအသောက် နှီးနှောဖလှယ် ပွဲတွေကိုလည်း မကြာမကြာ လုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်တွေကြောင့် တိတ်တဆိတ်ပြုလုပ်ရတဲ့ အခြေအနေများတယ်။ နောက်နောင်လည်း အာရက္ခပြည် ပြန်လည်တည်ဆောက်ရေးမှာ မွတ်ဆလင်အပါအဝင် မျိုးနွယ်စုဝင်တွေကို အခုထက်မက နေရာတွေ ပေးစေချင်ပါတယ် ” ဟု ကျောက်တော်မြို့က အသက် ၂၆ နှစ်အရွယ် မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲတွင် လူမျိုးတစ်မျိုး၌ ရှိသော ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော် ဖြေခြင်း၊ ရိုးရာဓလေ့များကို ရှင်းပြခြင်း၊ လူမျိုးစုအလိုက် ရိုးရာအစားအသောက်များကို ခင်းကျင်းပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ထို့အတူ မွတ်ဆလင်များပါ ယဉ်ကျေးမှု နှီးနှောဖလှယ်ကို ပါဝင်ခဲ့ကြပြီး ရခိုင်ပြည်အတွင်း လူမျိုးစုအားလုံး ကောင်းမွန်သည့် ဆက်ဆံရေးကို တွေ့မြင်ရကြောင်းလည်း မွတ်ဆလင် လူငယ်များက ဆိုသည်။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...