အကြမ်းဖက်မှုပုဒ်မတွေနဲ့ လွှတ်ပေးသူ (၇)ထောင်ကျော်အနက် ၂၀၀ ကျော်ခန့်သာစာရင်း ရရှိသေး

အကြမ်းဖက်မှုပုဒ်မတွေနဲ့ လွှတ်ပေးသူ (၇)ထောင်ကျော်အနက် ၂၀၀ ကျော်ခန့်သာစာရင်း ရရှိသေး

အကြမ်းဖက်မှုပုဒ်မတွေနဲ့ လွှတ်ပေးသူ ၇ ထောင်ကျော်အနက် ၂၀၀ ကျော်ခန့်သာစာရင်းရရှိသေးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (AAPP )က ဆိုပါတယ်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ ပုဒ်မ ၅၂ (က) တို့ အကျဉ်းချခံထားရသူ အကျဉ်းသား (၇၃၃၇ ) ဦးကို မနေ့က မတ်လ (၂ )ရက်နေ့ တောင်သူလယ်သမားနေ့မှာ လွှတ်ပေးခဲ့ပြီး လွတ်မြောက်သူစာရင်းများအရ အကျဉ်းထောင် (၉) ထောင်မှ (၂၄၆) ဦးရဲ့ စာရင်းသာရရှိထားကြောင်းဆိုပါတယ်။

မနေ့က ညနေ (၄ ) နာရီ အထိ ကောက်ယူထားတဲ့ စာရင်းဖြစ်တယ်လို့သိရပြီး အဲဒီထဲမှာမှ (၁၀၄) ဦး ရဲ့ အမည်စာရင်းကိုသာ အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ မတ်လ ၃ ရက်နေ့ နေ့ခင်း(၁) နာရီအတွင်း အကျဉ်းထောင် (၃၁ ) ခုမှ အကျဉ်းသား (၃ )ထောင်ကျော်ဝန်းကျင် ကိုလည်း ထပ်မံလွှတ်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

AAPP ကတော့ လွတ်ငြိမ်းစာရင်းတွေကိုအတည်ပြုနေဆဲဖြစ်ပြီး ဒီအပတ်အတွင်း ထပ်လွှတ်ဖို့ရှိဦးမလားဆိုတာ စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။

၂၀၂၁ ခုနှစ်ကစလို့ လက်ရှိအချိန်အထိ ဖမ်းဆီးခံရပြီး သေဆုံးခဲ့သူ စုစုပေါင်း ( ၂၂၃၅ ) ဦးရှိပြီး ဒီအရေအတွက်ထဲတွင် အကျဉ်းထောင်များအတွင်း သေဆုံးသူ (၁၉၇) ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...