အိန္ဒိယ - မြန်မာ(ပလက်ဝ)နယ်စပ် လောင်တလိုင်ခရိုင် နယ်စပ်ကုန်သွယ်ရေးလမ်းပြန်ဖွင့်ပေး

အိန္ဒိယ - မြန်မာ(ပလက်ဝ)နယ်စပ် လောင်တလိုင်ခရိုင် နယ်စပ်ကုန်သွယ်ရေးလမ်းပြန်ဖွင့်ပေး

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ အိန္ဒိယ - မြန်မာ ( ပလက်ဝ) နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအခြေအနေ တိုးတက်ကောင်းမွန်လာတာကြောင့် မနေ့ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်ပေးလိုက်တယ်လို့သိရပါတယ်။

လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက Bharatiya Nagarik Suraksha Sanhita ( BNSS) ၂၀၂၃ ၏ ပုဒ်မ ၁၆၃ ကို အသုံးပြုကာ နိုင်ငံတကာနယ်စပ်များအားလုံး ပိတ်ထားခြင်းနဲ့ နယ်စပ်မှတဆင့် ကုန်သွယ်မှုလုပ်ငန်းတွေကို ခွင့်မပြုတဲ့ အမိန့်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး မနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ အမိန့်သစ်ကို ခရိုင်အုပ်ချုပ်ရေးမှူး Dony Lalruatsanga က တံဆိပ်တင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာလို့လည်း သိရပါတယ်။

မီဇိုယာဉ်မောင်းတစ်ဦး မြန်မာဘက်ခြမ်းကုန်ပစ္စည်းသွားပို့ရာမှာ သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေးအခြေအနေကြာင့် ဆိုကာ အိန္ဒိယ - မြန်မာ ( ပလက်ဝ) နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစလို့ ပိတ်ထားခဲ့တာဖြစ်ပါတယ်။

လက်ရှိပိတ်ထားခဲ့တဲ့ အိန္ဒိယ - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဟာ မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်မြို့နယ်တဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ဘက်ကို ကုန်ပစ္စည်းတွေ တင်သွင်းပို့ဆောင်ရာမှာ အဓိကကျတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းလည်းဖြစ်ပါတယ်။

June 30, 2026
ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်း ၅...
June 29, 2026
ချင်းလူငယ် ပန်းချီအနုပညာရှင်၁ဦး ဖြစ်တဲ့ Artist Pau Za Langh ရဲ့  ပထမဆုံး တကိုယ်တော်...
June 27, 2026
ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို...
June 26, 2026
အိန္ဒိယ - မြန်မာနယ်စပ် ကလေး - တမူးလမ်းမပေါ်က ခမ်းပတ်မြို့နေရာအများစု ထိန်းချုပ်ထားတဲ့...