သီးနှံဖျက် ကြွက်များ ရှားတော တစ်မြို့နယ်လုံးသို့ ပျံ့နှံ့နေ

သီးနှံဖျက် ကြွက်များ ရှားတော တစ်မြို့နယ်လုံးသို့ ပျံ့နှံ့နေ
by -
ကန္တာရဝတီတိုင်း(မ်)
ယခု ဇူလိုင်လ၂၀မှစ၍ ရှားတောမြောက်ပိုင်းမှ စပါးသီးနှံဖျက်သည့် ကြွက်များသည် မြောက်ပိုင်း သာမက ရှားတောမြို့နယ် တခုလုံးနီးပါးရှိ စိုက်ပျိုးခင်းထဲသို့ ဝင်ရောက်ဖျက်ဆီးနေကြောင်း ရှားတောမြို့နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဌေးရယ်က ပြောသည်။

̏ အခုက မြောက်ပိုင်းမကတော့ဘူး၊ ရှားတောတမြို့နယ်လုံး ကူးစက်သောင်းကျန်းကုန်ပြီ ̋ ဟု ဦးဌေးရယ်က ပြောကြားခဲ့သည်။

ယခင်လအတွင်းက ရှားတောမြို့နယ် မြောက်ပိုင်းအုပ်စုတွင်းရှိ တောင်သူများ၏ စိုက်ပျိုးထားသော သီးနှံများကို ကြွက်များက ဝင်ရောက်ဖျက်ဆီးခဲ့ရာ များစွာဆုံးရှုံးမှုများ ကြံုတွေ့ခဲ့ပြီး ယခုအခါ ကူးစက်ပျံ့နှံ့နေပြီဖြစ်ကြောင်း သိရသည်။

ဒေသခံတစ်ဦးဖြစ်သည့် ဒေါလဲဒူကျေးရွာမှ စိုက်ပျိုးတောင်သူ ဦးသန်းဝင်းက ̏ ကျနော် တောင်ယာထဲ သွားဖို့ လမ်းပေါ်မှာ ဖြတ်လျှောက် လာတာ ကြွက်အကောင်တော်တော်ကြီးတယ်၊ ၂၅ကျပ်သား (အစိတ်သား)လောက် ရှိမယ်ထင်တယ်။ တအားစိတ်တိုလို့ သူ့ကို သတ်လိုက်တယ်”ဟု ပြောသည်။

မြောက်ပိုင်းအုပ်စုတွင် ကြွက်များ ဝင်ရောက်ကိုက်ဖြတ်သော နေရာများတွင် စပါးပင်များ၊ ပြောင်းပင် များသည် အမြစ်ပါ ကိုက်ဖြတ်ကြသောကြောင့် ဒေသခံများ ဆုံးရှုံးနှစ်နာမှုများကြံုတွေ့လျှက်ရှိသည်။

လက်ရှိ ၎င်းကြွက်များကို နှိမ်နင်းရန်အတွက် ရှားတောမြို့မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဌေးရယ်၊ ပြည်နယ်လွှတ်တော်ဒုဥက္ကဌဦးအေးမောင် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းနွံတို့က လွှတ်တော်ဘတ်ဂျက်မှ ကြွက်နှိ်မ်ဆေးများကို ကျေးရွာဒေသခံများ အတွက် တစ်အိမ်ထောင် တစ်ထုတ်စီ ဖြန့်ဖြူးပေးနေကြောင်း သိရသည်။

ယင်းကိစ္စအပေါ် ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်က ရှားတောဘက်နှင့် ဟိုယာဒေသတို့ တွင် ကြွက်နှိမ်ဆေးများ ပေးဝေလျှက်ရှိကြောင်း ယခုလို ပြောသည်။  ̏ကြွက်ဆေးပေါ့ နော်။ ဒါတွေ ပေးထားတယ်။ ကြွက်ကလည်း ဘယ်ကနေလာတယ်ဆိုတာလည်း အတိကျ မသိဘူးလေ။ ခုလိုသီးနှံ ဖျက်တာပေါ့။ ဖျက်တဲ့ ခါကျတော့ လမ်းလွဲအောင် လုပ်ပေးရတယ် ̋ဟု ၎င်းက ပြောသည်။

အဆိုပါ ကြွက်များသည် ဟိုယာဒေသဘက်ရှိ တောထဲချံုထူသော နေရာတွင် ခိုအောင်းနေပြီး
ဟိုယာဒေသတွင် မိုးခေါင်၍ စပါးစိုက်ပျိုးမှု မအောင်မြင်သည့်အပြင် ကြွက်များထပ်မံ ဖျက်ဆီးမည်ကို ဒေသခံ တောင်သူများက စိုးရိမ်နေကြသည်။

ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
January 12, 2026
ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းရဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နဲ့ ၁၁...
January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...