ထိန်းချုပ်နယ်မြေပြင်ပ ကုန်စည်စီးဆင်းမှုတွေကို ဖြေလျှော့ပေးမယ်လို့ ဟုမ္မလင်း ပကဖဆို

ထိန်းချုပ်နယ်မြေပြင်ပ ကုန်စည်စီးဆင်းမှုတွေကို ဖြေလျှော့ပေးမယ်လို့ ဟုမ္မလင်း ပကဖဆို

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကုန်စည်းစီးဆင်းမှု ပိတ်ဆို့ထားမှုကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကစလို့ ဖြေလျှော့မှုတချို့ ပြုလုပ်ပေးသွားမယ်လို့ ဟုမ္မလင်း ပကဖ ဆိုပါတယ်။

NUG ထိန်းချုပ်နယ်မြေပြင်ပကို ကုန်စည်တွေဖြတ်သန်းသွားလာမှုပိတ်ပင်ထားခဲ့ပြီးတဲ့နောက် ဒေသခံတွေရဲ့ တောင်းဆိုမှုတွေကြောင့် ပြန်ဖွင့်ပေးမယ်လို့ ဆိုပါတယ်။

ချင်းတွင်းမြစ်အတွင်းမှာ ပိတ်ထားတဲ့ စက်သုံးဆီ ၊ ကုန်မာ ၊ စားသောကုန်တင်တင်ထားတဲ့ ရာနဲ့ချီတဲ့ ကုန်စည်အမြန်ရေယာဉ်တွေကို အခွန်ပေးဆောင်စေပြီး ထွက်ခွာခွင့်ပြုသွားမယ်လို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

သို့ပေမယ့်လည်း ဘိလပ်မြေ နှင့် ဆောက်လုပ်ရေးပစ္စည်း သယ်ယူမှုတွေကိုတော့ ကန့်သတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

အမြန်ရေယာဉ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ဟုမ္မလင်းမြို့နယ်အတွင်းသို့ ဆိုက်ရောက်ခဲ့ပေမယ့် NUG ထိန်းချုပ်ထားတဲ့ ရွှေပြည်အေးမြို့မှာ ပြန်လည်ပိတ်ပင်ထားခဲ့တာလည်းဖြစ်ပါတယ်။

ကုန်တင်ရေယာဉ်တွေဟာ မုံရွာမြို့ကနေ ဟုမ္မလင်းမြို့အထိ သုံးလနီးပါးကြာမြင့်လာခဲ့ပေမယ့်လည်း ထပ်မံပိတ်ဆို့နေရတာဖြစ်ပါတယ်။

ဟုမ္မလင်းမြို့ဟာ NUG ရဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်တဲ့မြို့နယ်တစ်ခုဖြစ်ပြီးတော့ NUG က တိုက်ရိုက်ကွက်ကဲတဲ့ စစ်ရေး၊ လုံခြုံရေး ၊ အုပ်ချုပ်ရေး၊ တရားရေးတွေကို အဓိကထားစီမံဆောင်ရွက်ဖို့အတွက်လို့ ဆိုပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာ NUG ထိန်းချုပ်နယ်မြေအတွင်းမှသာ ကုန်စည်ရောင်းဝယ်ခွင့်ရှိထားပြီး ဆန်နဲ့ ဒေသထွက်ကုန်များကိုလည်း မြို့ပေါ်ရောင်းချခွင့်ပိတ်ပင်ထားပါတယ်။

NUG က ဟုမ္မလင်းမြို့နယ်အတွင်းမှာ စစ်တပ်ကို ရိက္ခာဖြတ်တောက်ဖို့ ဆောင်ရွက်နေတဲ့အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်ပေမယ့် ဒေသခံတွေဟာ ကုန်စည်ကြီးမြင့်မှု၊ ပြတ်တောက်မှုကို တိုက်ရိုက်ခံစားနေရပြီး ကုန်စျေးနှုန်း စံချိန်တင်မြင့်တက်နေတာလည်းဖြစ်ပါတယ်။ 

၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...