NUG ထိန်းချုပ်တဲ့ ဗန်းမောက်တောင်ပိုင်းမှာ ရွှေတူးဖော်ခွင့်ပြန်ရဖို့ ဒေသခံများ ဆန္ဒထုတ်ဖော်

NUG ထိန်းချုပ်တဲ့ ဗန်းမောက်တောင်ပိုင်းမှာ ရွှေတူးဖော်ခွင့်ပြန်ရဖို့ ဒေသခံများ ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း NUG ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့ ဗန်းမာက်မြို့နယ်တောင်းပိုင်းမှာ ဒေသခံတွေနဲ့ စစ်ဘေးသင့်သူတွေ ရွှေတူးဖော်ခွင့်ရရှိဖို့ ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

လက်လုပ်လက်စားရွှေတူးဖော်ခွင့်ရရှိဖို့ ဒေသခံများနဲ့စစ်ရှောင် ၅၀၀ ကျော်ဆန္ဒပြထုတ်ဖော်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ လက်လုပ်လက်စားဒေသခံတွေ ရွှေတူးဖော်ခွင့်ရရှိရေး ၊ ပိတ်ထားတဲ့ ရွှေလုပ်ကွက်တွေ ပြန်လည်ဖွင့်ပေးရေး၊ ဒေသခံတွနဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် ရွှေတူးဖော်ရေး မူဝါဒ တိတိကျကျ ချမှတ်ပေးရေး” စတဲ့ ကြွေးကြော်မှုတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စု အထူးသယံဇာတအဖွဲ့မှဝင်တချို့ကို တာဝန်ရပ်ဆိုင်းထားဖို့လည်း တောင်းဆိုမှုတွေထဲပါဝင်ပါတယ်။

ဗန်းမောက်မြို့နယ်အတွင်း သယံဇာတစီမံခန့်ခွဲမှုတွေကို NUG ရဲ့ ပြည်ထောင်စုအထူးသယံဇာတအဖွဲ့က တိုက်ရိုက်ကိုင်တွယ်နေတာဖြစ်ပြီး ရွှေတူးဖော်မှုတွေကို ပိတ်ပင်ထားတာဖြစ်ပါတယ်။

ဗန်းမောက်မြို့နယ်ကို ကိုင်တွယ်နေတဲ့ ဗန်မောက်မြို့နယ် အထူးသံယံဇာတအဖွဲ့မှ ဦးအာကာကို NUG က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ အလွှဲသုံးစားမှုနဲ့ ဖမ်းဆီးထားတာပါ။

တရားမဝင်ရွှေလုပ်ကွက်ပိုင်ဆိုင်မှုများ ၊ ရွှေချောင်းတွေနဲ့ ငွေကျပ်သိန်းပေါင်း သောင်းနှင့်ချီ အလွှဲသုံးစားပြုလုပ်မှုတွေကြောင့် ဖမ်းဆီးခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဗန်းမောက်တောင်ပိုင်းဒေသမှာ ရွှေသယံဇာတအများအပြားထွက်ရှိရာဒေသတစ်ခုဖြစ်ပြီး NUG က ၂၀၂၂ ခုနှစ်ကတည်းက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

လေးလကြာထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကိုလည်း မနေ့က စပြီးတော့ SNA ထံကိုပြန်လည်လက်လွှတ်လိုက်ရတာလည်းဖြစ်ပါတယ်။

May 23, 2026
တိမ်ညိုတွေဟာ ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းနေပါတယ်။ ဗန်းမောက်မြို့အနောက်ဘက်ခြမ်းက...
May 22, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဘိုကုန်းကျေးရွာအုပ်စုမှာ ...
May 21, 2026
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသအတွင်းရှိ အင်းအရှေ့ကမ်းကျေးရွာတွေဖြစ်တဲ့ ဟဲပု၊ဟဲပါး၊ဆနွင်းကုန်း...
စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသကာကွယ်ရေးတပ်များကိုတွေ့ရစဉ်/Credit
May 20, 2026
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ထဲက စိုင်ပြင်မြို့ကို ရွှေဘိုခရိုင်စစ်ဌာနရဲ့ ...