တ.စ.ည ပါတီမှ အမျိုးသမီးအလှပြင်သင်တန်း အခမဲ့ပြုလုပ်

တ.စ.ည ပါတီမှ အမျိုးသမီးအလှပြင်သင်တန်း အခမဲ့ပြုလုပ်
by -
ကန္တာရဝတီတိုင်း(မ်)
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တ.စ.ည)မှ ဒီးမော့ဆိုမြို့နယ်အတွင် အမျိုးသမီးများအတွက် ဆံပင်၊ မိတ်ကပ်၊ ပန်း၊ အလှပြင် ပညာများကို အခမဲ့သင်တန်း ဖွင့်လှစ်ပေးနေသည်ဟု သိရသည်။

တ.စ.ည ပါတီ မြို့နယ်ကော်မတီ ဥက္ကဌ ဦးမြင့်အောင်က “လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွက်လာ စေရန် ရည်ရွယ်ပြီး ကျနော်တို့ ဖွင့်လှစ်ခဲ့ရခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

ထိုသို့ အမျိုးသမီးများအား အခမဲ့သင်တန်း ပေးခြင်းအပေါ် ရွေးကောက်ပွဲအတွက် ပါတီမှ စည်းရုံးရေး ဆင်းနေခြင်း မဟုတ်ကြောင်း အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ရန် သင်တန်းပေးရခြင်းဖြစ်ကြောင်း ဦးမြင့်အောင်က ဆက်လက်ပြောဆိုသည်။

ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးသို့ ဆင်းမည် ဖြစ်ကြောင်း ပါတီအရေးထက် အမျိုးသားအရေးကိုသာ ဦးစားပေးသောကြောင့် ယခုလို ပြုလုပ်ရကြောင်းလည်း ၎င်းက ပြောသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အမျိုသမီးရေးရာမှ ဒေါ်မာရီအားမူက “အမျိုးသမီးများ အသက်မွေးဝမ်းကြာင်းတဲ့ အတတ်ပညာလေးတွေ ရသွားအောင်၊ ပြီးတော့ အလှပြင်တဲ့ အတတ်ပညာ နဲ့ အလှလေးတွေပြင်နိုင်ကြပါစေ၊ လှနိုင်ကြပါစေ”ဟု သင်တန်းတက်ရောက်လာသော အမျိုးသမီးများအား အားပေးစကားပြောကြားသွားခဲ့သည်။

အလှပြင်သင်တန်းအား စိတ်ဝင်စားသဖြင့် တက်ရောက်လာသော ဒေါငံရောက်ရွာမှ မပါတီစတီးနာက လည်း “ဒီအလှပြင်တာနဲ့ ပတ်သက်ပြီး အားလုံးကို သင်ခိုင်းစေချင်တယ်။ ဒါပေမယ့် အချိန်က အရမ်းနည်းနေတဲ့အတွက်ကြောင့် အခက်အခဲလေးရှိတာပေါ့”ဟု ပြောသည်။ ထို့အပြင် ဒီးမော့ဆို၊ စည်ပင်သာယာရပ်ကွက်မှ လာတက်ရောက်သူ မဆိုင်းဂျာက အလှပြင်ရာတွင် ဝါသနာပါသည့်အတွက် လာရောက်တက်ရောက်ရခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းသင်တန်းကို ဇူလိုင်လ ၂၅ရက်မှ ၂၉ ရက်နေ့အထိ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး သင်တန်းဆင်း လက်မှတ်များကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းဖွင့်ပွဲကို သင်တန်းသူ ၅၀ဦးနှင့် ပါတီ အတွင်းရှိ တာဝန်ရှိသူများနှင့် အလှပြင်နည်း ပို့ချပေးမည့် ဆရာမများ စုစုပေါင်း ၆၀ဦး တက်ရောက်ခဲ့ကြောင်း သိရသည်

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...