အာဏာသိမ်းပြီးနောက် ချင်းနဲ့ စစ်ကိုင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်ခံရမှု ၂၇၇ မှုရှိခဲ့

အာဏာသိမ်းပြီးနောက် ချင်းနဲ့ စစ်ကိုင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်ခံရမှု ၂၇၇ မှုရှိခဲ့

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ၂၀၂၁ ခုနှစ်စက်တင်ဘာလကနေ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခံရတဲ့ လူဦးရေ ၂၇၇ မှုကျော်အတွက် အကူအညီပေးနိုင်ခဲ့ပြီး ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၆ မှု ဖြစ်ခဲ့ပြီး ပဋိပက္ခအတွင်း သတင်းအချက်အလက် ရယူနိုင်ဖို့ အခက်ခဲစိန်ခေါ်မှုတွေကြီးကြီးမားမား ရှိနေသေးတယ်လို့ Women for Justice ( WJ) ရဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ ဆိုးဆိုးဝါးဝါးနဲ့ အလွန်များပြားလာတယ်လို့ Women for Justice ( WJ) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ (ခန့်မှန်း) လောက်မှာ ချင်းပြည်နယ် ၊ မင်းတပ်မြို့မှာရှိတဲ့ ၂၇၄ တပ်ရင်းက တပ်မတော်သားတွေဟာ အသက် ၂၂ နှစ်အရွယ် ချင်းအမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အုပ်စုဖွဲ့ ကျူးလွန်ခဲ့ကြပြီး အဲဒီအုပ်စုဖွဲ့ မုဒိန်းကျင့်မှုကြောင့် ထိုအမျိုးသမီးဟာ မလိုလားအပ်တဲ့ ကိုယ်ဝန် ရရှိခဲ့ပါတယ်။ 

အဓမ္မပြုကျင့်ခံရသူ၏ မိခင်ဖြစ်သူကလည်း သမီးဖြစ်သူကြုံရတဲ့ အဖြစ်ဆိုးကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ နှလုံးရောဂါဖြင့် အသက်ဆုံးပါးသွားခဲ့ရပါတယ်။

ဒီအမျိုးသမီးကို WJ အဖွဲ့အစည်းက စိတ်ပိုင်းဆိုင်ရာ နှိစ်သိမ့်ဆွေးနွေးမှုတွေအပါအဝင် ကလေးမီးဖွားနိုင်ဖို့အတွက် ထောက်ပံ့ကူညီပေးခဲ့ပါတယ်လို့ WJ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မုဒိန်းမှုကျူးလွန်ခံခဲ့ရတဲ့ မင်းတပ်ဒေသခံအမျိုးသမီးက “ ကျမအနေနဲ့ကတော့ မကျေနပ်ဘူးပေါ့နော်။ လုပ်တဲ့သူတွေကို အပြစ်အတိုင်းခံစေချင်တယ်။ အခုချိန်မှာ တရားမျှတမှုရဖို့က အလွန်ခက်ခဲတဲ့အချိန်ဆိုတော့ ကျမလည်း တစ်ချိန်မှာ သူတို့အပြစ်အတိုင်း တရားမျှတမှုခံယူဖို့ မျှော်လင့်ထားပါတယ်” လို့ WJ ထုတ်ပြန်တဲ့ မှတ်တမ်းဗီဒီယိုမှာ ပြောဆိုထားပါတယ်။

အမျိုးသမီးတွေအနေဖြင့် နေ့စဉ်ဘဝမှာတောင် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုတွေကို ကြုံတွေ့ခံစားနေကြရတဲ့အထဲမှာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုလည်း ရုန်းရင်းကြမ်းတမ်းစွာ ပြုမူမှုတွေကိုလည်း ခံစားနေကြရတယ်လို့ WJ က ထုတ်ပြန်ပါတယ်။

Women for Justice (WJ) အဖွဲ့အစည်းဟာ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်မှာ အဓိက လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပြီး အမျိုးသမီးဘဝ လုံခြုံရေး၊ ကျား - မ တန်းတူညီမျှရေးနဲ့ အတူ တရားမျှတ၍ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေးတို့အတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးစားနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...