လက်ဖက်အစိုကို ယူနက်စကိုအမွေအနှစ်စာရင်း တင်သွင်းမည်

လက်ဖက်အစိုကို ယူနက်စကိုအမွေအနှစ်စာရင်း တင်သွင်းမည်
ရှမ်းနီဒေသမှ လက်ဖက်လုပ်ငန်းများကို တွေ့ရစဉ်/ ShanNi Voice
ရှမ်းနီဒေသမှ လက်ဖက်လုပ်ငန်းများကို တွေ့ရစဉ်/ ShanNi Voice

မြန်မာ့လက်ဖက်စိုကို ယူနက်စကိုမှာ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တင်သွင်းသွားဖို့ပြင်ဆင်နေတယ်လို့ စစ်ကော်မရှင်က ဒီနေ့ ဖေဖော်ဝါရီလ (၄) ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။

ယူနက်စကိုတင်သွင်းမှုတွေကို လာမယ့် မတ်လအတွင်းမှာ ပြုလုပ်သွားဖို့အတွက်ပြင်ဆင်နေတာဖြစ်ကြောင်း ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့လက်ဖက်ပွဲတော် သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။

လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း နဲ့ မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းပြီးလည်း လာမယ့်ပြည်ထောင်စုနေ့မှာ လက်ဖက်ပွဲတော်ကို ပြုလုပ်သွားဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံက လက်ဖက်စိုက်ပျိုးမှု အစောဆုံးနိုင်ငံတစ်ခုတွေထဲပါဝင်ပြီး နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိတဲ့ လက်ဖက်ပင်လည်းရှိနေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။

နိုင်ငံအတွင်း လက်ဖက်ကို အစို၊ အခြောက်စသဖြင့် အသုံးပြုကြတာဖြစ်ပြီးတော့ လက်ဖက်စိုဟာ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေမှာအသုံးပြုမှုများပြားလာခဲ့တာလည်းဖြစ်ပါတယ်။

လက်ဖက်စိုက်ပျိုးမှုက ရှမ်းပြည်နယ်မှာ အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးရဲ့ ၈၅ ရာခိုင်နှုန်းနီးပါးရှိတာလည်းဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းတို့မှာလည်း တစ်နိုင်ငံလုံးရဲ့ စိုက်ပျိုးမှု( ၁၁) ရာခိုင်နှုန်းအထိရှိတယ်လို့စိုက်ပျိုးရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

(၂၀၁၅)ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြင့်တင်ရေးကော်မတီက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကောက်ယူထားတဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ကုလသမဂ္ဂထံကို တင်သွင်းသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာ့ရိုးရာသင်္ကြန်ကို (၂၀၂၄)ခုနှစ်မှာ ယူနက်စကိုရဲ့ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းတွင်ခဲ့ပြီး သနပ်ခါးကိုလည်း ဆက်လက်စာရင်းသွင်းထားပါတယ်။

ကော်မတီက ကောက်ယူထားတဲ့စာရင်းတွေအရ ဒြပ်မဲ့ယဉ်ကျေးမှု (၂၂၈၉) ခုရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...