ရွေးကောက်ပွဲကျင်းပသည့် မြို့နယ် ၁၀ ခု တိုက်ခိုက်ခံရ၊ ဝန်ထမ်း ၂ ဦးသေဆုံး

ရွေးကောက်ပွဲကျင်းပသည့် မြို့နယ် ၁၀ ခု တိုက်ခိုက်ခံရ၊ ဝန်ထမ်း ၂ ဦးသေဆုံး
ရန်ကုန် ကမာရွတ်မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း(၂) အတွက် မဲပေးမှု။ (SAI AUNG MAIN / AFP)
ရန်ကုန် ကမာရွတ်မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း(၂) အတွက် မဲပေးမှု။ (SAI AUNG MAIN / AFP)

ရွေးကောက်ပွဲအပိုင်း(၂) ကျင်းပနေသည့် မြို့နယ် ၁၀ ခုထက်မနည်း တိုက်ခိုက်ခံရကာ ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ကြောင်း ယနေ့ (ဇန်နဝါရီ ၁၃ ရက်) တွင် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာ၌ ဖော်ပြသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ ကျင်းပနေချိန် ကရင်နီပြည် ဖရူဆိုမြို့၊ မကွေးတိုင်း ဂန့်ဂေါမြို့၊ ဆိပ်ဖြူမြို့၊ စလင်းမြို့နှင့် ကံမမြို့၊ စစ်ကိုင်းတိုင်း ချောင်းဦးမြို့၊ ဘုတလင်မြို့နှင့် မြင်းမူမြို့၊ ပဲခူးတိုင်း ထန်းတပင်မြို့များကို ဗုံးသီးချတိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုန်း၊ ဒရော့ဗုံး နှင့် လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ပဲခူးတိုင်း ထန်းတပင်မြို့ တိုက်ခိုက်မှုအတွင်း ဝန်ထမ်းနှစ်ဦး သေဆုံးကာ အခြားဝန်ထမ်းနှစ်ဦးနှင့် အရပ်သားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ဆိုသည်။

ထန်းတပင်မြို့တွင် တိုက်ခိုက်ခံရသည်မှာ မြို့နယ် ထွေအုပ်ရုံးဖြစ်ပြီး ထိုထွေအုပ်ရုံးတွင် မဲရေတွက်မှုများ ပြုလုပ်ရန် စီစဉ်ထားသောကြောင့် ဝန်ထမ်းများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစသည်။ 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက်တွင် ထန်းတပင်မြို့၌ မဲပေးမှုများ ရပ်ဆိုင်းကာ မဲရုံများလည်း ပိတ်သိမ်းခဲ့ရကြောင်း တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဌေးဝင်း ကပြောသည်။

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကမ်းကြီးအုပ်စု တောင်သုံးလုံးကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း စစ်အုပ်စုက ဆိုသည်။

စစ်အုပ်စု ထုတ်ပြန်ချက်တွင် မပါဝင်သော်လည်း ပဲခူးတိုင်း မင်းလှမြို့နယ် လမ်းမတော်လမ်း၊ တရုတ်ကျောင်း မဲရုံအနီးတွင်လည်း ထိုရွေးကောက်ပွဲနေ့ နံနက်အစောပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုဖောက်ခွဲမှုကို မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သာယာ၀တီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို တို့မှ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ မွန်ပြည်နယ် ရေးမြို့နယ်တွင်လည်း မဲရုံဖွင့်ပြီး နာရီပိုင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။ ရေးမြို့နယ် ကျောင်းရွာရှိ ခမရ(၅၉၁) ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ရေးပြောက်ကျားတပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း YGF တာဝန်ခံ ဗိုလ်ကျန်ရစ်က ပြောသည်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် တိုက်ခိုက်ခံရသည့် ဒေသများသည် စစ်အုပ်စုမှ အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ယခင်တည်းက တိုက်ပွဲဖြစ်ပွားလေ့ရှိသည့် ဒေသများဖြစ်ပြီး လုံခြုံရေးအာမခံချက်မရှိသည့် ကြားမှ ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုက ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲ ကျင်းပနေပြီး အပိုင်း(၁) ကို ဒီဇင်ဘာ ၂၈ရက်နေ့တွင်လည်းကောင်း၊ အပိုင်း(၂) ကို ဇန်နဝါရီ ၁၁ ရက်နေ့တွင်လည်းကောင်းကျင်းပခဲ့ပြီးဖြစ်ရာ ကျန်ရှိနေသည့် ရွေးကောက်ပွဲအပိုင်း(၃) ကို လာမည့် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

Most read this week

February 2, 2026
ပါခွီး — စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ၊မော်လိုက်ကလေး အကျဥ်းထောင်၌ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့်...
January 31, 2026
Powerful explosions from 500-pound bombs dropped by Myanmar military jet fighters shook the Thai...
ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်အနက် တီးတိန်နှင့် ဟားခါးမြို့မှ အပ တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် မြို့နယ်ခုနစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးသက်တမ်း တိုးမြှင့် လိုက်ခြင်းသည် ၎င်းတို့၏ အုပ်ချုပ်ရေးပြိုလဲနေခြင်းဖြစ်ကြောင်း ချင်းပြည်ကောင်စီအထွေထွေအတွင်း ရေးမှူးကပြောဆိုသည်။(Chinland Information Center)
January 31, 2026
ပါခွီး — ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားပြိုလဲနေခြင်းကြောင့်...
January 30, 2026
မြို့နယ် ၆၃ မြို့နယ်တွင် အရေးပေါ်အခြေအနေ ကြေညာထားမှု သက်တမ်းထပ်တိုးပြီး ယာယီသမ္မတဟုဆိုသည့်...