ဖားကန့်မှာ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်အပါ ဇနီးမောင်နှံနှစ်ဦးသေဆုံး

ဖားကန့်မှာ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်အပါ ဇနီးမောင်နှံနှစ်ဦးသေဆုံး
Photo credit - CJ
Photo credit - CJ

ဖားကန့် မှော်ဆီစာကျေးရွာအုပ်စု မလောင်ကျေးရွာ(Marau)ကျေးရွာထဲမှာ စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဆယ်ကျော်သက်ကလေးငယ်တစ်ဦးအပါ လင်းမယားနှစ်ဦး ပွဲချင်းအသက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ည သန်ခေါင်ယံအချိန် ဖားကန့်ဗျူဟာကုန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက မလောင်ကျေးရွာထဲက နေအိမ်တစ်လုံးမှာ ကျမှန်ပေါက်ကွဲခဲ့ပြီး ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါ လင်မယားနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“ထိခိုက်ပြီး သေဆုံးသွားတာက လင်မယားနှစ်ဦးနဲ့ ကလေးငယ်အပါ သေဆုံးတာ ၃ ဦးရှိတယ်။ အဲ့ထဲမှာ လသားအရွယ်နဲ့ ဆယ်ကျော်သက် နှစ်ယောက်က ထိခိုက်မှုမရှိဘူးလို့ သွားရောက်ကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တွေကပြောလာတယ်”လို့ပြောပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီးကျမှန်ပြီး သေဆုံးမှုဖြစ်ခဲ့တဲ့ဖြစ်စဉ်ထဲမှာ မိသားသားစု ၃ ဦးသေဆုံးသွားပေမယ့် ၁၆ နှစ်အရွယ်တစ်ဦးနဲ့ ၇ လသားအရွယ်တစ်ဦး၊ နှစ်ယောက်က ထိခိုက်မှုမရှိဘဲ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့သူတွေဟာ ၁၃ နှစ်အရွယ် မောင်ဖြိုးဝေထွန်း၊ အသက် ၃၇ နှစ်အရွယ် ဦးဇော်လွင်ဦး၊ အသက် ၃၈ နှစ်အရွယ်ဒေါ်တင်မိုးလှိုင်တို့ဖြစ်ပါတယ်။ 

“ဒီရက်ပိုင်း ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဒီနှစ်ရက်အတွင်းမှာဆိုပိုပြီး တိတ်ဆိတ်သွားတယ်ပေါ့လေ။ စစ်ကောင်စီက ညဘက်ဆိုရင် လက်နက်ကြီးရမ်းပစ်တာတွေ၊ သေနတ်ဖောက်တာတွေက ပုံမှန်လုပ်နေတာပဲရှိတယ်။ အခု မလောင်ဘက်ကို ဘာလို့ပစ်ခတ်လဲတော့ ကျနော်တို့လည်း သေချာတော့မသိရပါဘူး”လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ဆိုပါတယ်။

ဖားကန့်ပြည်သူတစ်ချို့ရဲ့ ပြောဆိုချက်အရ စစ်တပ်ဟာ ညတိုင်းလိုလို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ဘက်ကို လက်နက်ကြီးခြောက်လန့် ပစ်ခတ်နေတာဖြစ်ပြီး ညအချိန်ပြည်သူတွေ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ ကျော်ဖြတ်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာလည်း စစ်တပ်က ဗျူဟာကုန်းကနေ ညအချိန် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဆိုင်းတောင်၊ ကုဋေမှော်၊ မရှီကထောင်၊ တောမှော် စတဲ့ကျေးရွာတွေမှာ လက်နက်ကြီးထိမှန်ပြီး ကလေးငယ်တွေအပါ အပြစ်မဲ့ပြည်သူတွေ အသက်သေဆုံးမှုလတိုင်းကြုံတွေ့နေရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာလိုက်တဲ့နောက်ပိုင်း ဖားကန့်ဒေသထဲမှာ စစ်အင်အားအလုံးအရင်း စစ်ကြောင်းထိုးထားတဲ့အပြင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့ မေလကတည်းကနေ အရပ်သားသေဆုံးမှုမြင့်တက်နေခဲ့တာဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...