ဟားခါးမြို့တွင် ရွေးကောက်ပွဲအတွက် ဝန်ထမ်းနှင့် စစ်ရှောင်များကို ကြိုတင်မဲပေးခိုင်း

ဟားခါးမြို့တွင် ရွေးကောက်ပွဲအတွက် ဝန်ထမ်းနှင့် စစ်ရှောင်များကို ကြိုတင်မဲပေးခိုင်း

စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းလုပ်ငန်းကို ဟားခါးမြို့ပေါ် တွင် စတင်ဆောင်ရွက်နေပြီး ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များအပြင် စစ်ဘေးရှောင်အချို့အား ကြိုတင်မဲပေးခိုင်နေကြောင်း သိရသည်။

အဆိုပါ ကြိုတင်မဲပေးမှုများကို ဟားခါးမြို့ရှိ လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးနှင့် စျေးသစ် ရပ်ကွက်ရှိ မိခင်နှင့် ကလေးကျန်းမာရေးဌာန(MCH) တို့တွင် ပြုလုပ်နေကြောင်း သိရသည်။

ဒေသခံအမျိုးသားတစ်ဦး၏ ပြောဆိုချက်အရ လဝကရုံးတွင် ကြိုတင်မဲပေးခြင်းကို တစ်ပါတ်ခန့် ကြာမြင့်ပြီဖြစ်ပြီး MCH ရုံးတွင်မူ ဒီဇင်ဘာလ ၁ ရက်နေ့က စတင်၍ ကြိုတင်မဲ ပေးခဲ့ကြသည်ဟု သိရသည်။

"စပေးတဲ့ရက် အတိအကျတော့ မသိပေမဲ့ ကျွန်တော်သိရသလောက်တော့ သူတို့ ဝန်ထမ်းတွေ၊ ဝန်ထမ်း မိသားစုတွေ နောက် စစ်ဘေးရှောင်တစ်ချို့တွေကတော့ ကြိုတင်မဲ ပေးတယ်လို့ သိရတယ်။ သိရသလောက်ကတော့ ဟားခါးမြို့မှာ လဝကရုံးနဲ့ MCH မှာ ပေးတယ် လို့သိရတယ်။ လဝကမှာ ကြိုတင်မဲပေးတာကတော့ တစ်ပါတ်လောက်ရှိပြီ။ MCH မှာကျတော့ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ပေးတာပါ” ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမယ့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပိုင်း ၁ မှာ ဟားခါးနှင့် တီးတိန်မြို့တို့ ပါဝင်ပြီး လာမည့်ဇန်နဝါရီလထဲကျင်းပမယ့် အပိုင်း ၂ မှတော့ ဖလမ်း၊ တွန်းဇံနှင့် ထန်တလန်မြို့တို့ပါဝင်သည်။

ချင်းပြည်တောင်ပိုင်းဒေသများဖြစ်သော ပလက်ဝ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်မြို့နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

စစ်ကော်မရှင်ကျင်းပမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ချင်းတော်လှန်ရေးအင်အားစုများက ဆန့်ကျင် ကန့်ကွက်ထားကြပြီး ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ခြင်းမပြုကြရန် အသိပေးထုတ်ပြန် ထားကြသည်။

Most read this week

ဓာတ်ပုံ - ပုံဟောင်း
August 14, 2026
စစ်တပ်သည် ကလေး-တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ်ရေး...
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် CDF–KKG တပ်ရင်း ၆ မှ ရဲဘော်များပုံ (Credit)
August 13, 2026
ချင်း - မကွေး အစပ်၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအနီးတွင်...
August 11, 2026
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲ...
August 10, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်တွင် တော်လှန်ရေးအဖွဲ့များ၏ အမည်ကို အလွဲသုံးစားပြုလုပ်ကာ လက်နက်အတု...