ဖယ်ခုံမြို့နယ်မှာ စစ်ကော်မရှင်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီး (၃)ဦး သေဆုံး

ဖယ်ခုံမြို့နယ်မှာ စစ်ကော်မရှင်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီး (၃)ဦး သေဆုံး

ဖယ်ခုံမြို့နယ်အနောက်ဖက်ခြမ်းမှာရှိတဲ့ ဘောရန်ကျေးရွာအနီးမှာ စစ်ကော်မရှင်နဲ့ PNOတို့ ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီး (၃)ဦး သေဆုံးခဲ့တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်တဲ့ Jobs For Kayah ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် (၁၀)နာရီဝန်းကျင်မှာ တောင်ယာခင်းဖက်ရှိရာကို လက်နက်ကြီးပစ်ခတ်ခဲ့ပြီး အသက် (၆၀)အရွယ် ၊ အသက် (၁၇)နှစ်ဝန်းကျင်အရွယ် နဲ့ အသက် (၄၆)အရွယ် အမျိုးသမီးသုံးဦး ထိမှန်သေဆုံးခဲ့တာပါ။

လက်နက်ကြီးထိမှန်သေဆုံးခဲ့တဲ့ အမျိုးသမီးတွေဟာ ဘောရန်စစ်ရှောင် နဲ့ နန့်ပလုံစစ်ရှောင်စခန်းကနေ ဘောရန်ရွာအနီးက တောင်ယာခင်းမှာ စားဝတ်နေရေးအတွက် နေ့စားခအလုပ်လုပ် ကြတယ်လို့ သိရှိရပါတယ်။

မြေပြင်တိုက်ပွဲမရှိဘဲ လူထုရှိရာဖက်ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ Jobs For Kayah ရဲ့ တာဝန်ရှိသူတစ်ဦး က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“လူထုတွေကို ပစ်ခတ်တာ။ မြေပြင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေမရှိဘူး တိုက်ပွဲ အဲ့ဖက်ခြမ်းမှာက။ ဘောရန် တဝိုက် တောင်မဲသင်း တဝိုက်လောက်မှာပဲ စစ်ကော်မရှင်တွေ PNOတွေလှုပ်ရှားနေတာ။”လို့ သူက ဆိုပါတယ်။

ဖယ်ခုံအနောက်ခြမ်းဖက်မှာ စစ်ကော်မရှင်နဲ့ PNO တပ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ လက်ရှိအချိန်ထိ လူထုတွေဟာ နေရပ်မပြန်ရဲကြဘဲ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...
ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...