သာစည်ရဲစခန်း တိုက်ခိုက်ခံရမှု ရဲ ၄ ဦး သေဆုံးဟုဆို

သာစည်ရဲစခန်း တိုက်ခိုက်ခံရမှု ရဲ ၄ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းတိုက် ခိုက်ခဲ့ရာ ရဲလေးဦးသေဆုံးကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့် ဒေသကာကွယ်ရေးတပ် Rocket Fighter အဖွဲ့ တာဝန်ရှိသူထံက သိရသည်။

သာစည်ထောင်အနီး မီတာ ၁၀၀ခန့်အကွာ၊ ရဲအင်အား ၃၀ခန့်ရှိသော ရဲစခန်းကို နိုဝင်ဘာလ ၁၇ ရက် နံနက် ၉ နာရီအချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သူတို့စခန်းကို အလစ်ငိုက်ဝင်တိုက်တာပါ။ မျက်မြင် ရဲလေးယောက်သေပါတယ် ၊။ သေဆုံးသူနဲ့ ဒဏ်ရာ ရတဲ့သူတွေကိုတော့ ထောင်ထဲသယ်သွားတယ်လို့သိထားရတယ်” ဟု Rocket Fighter တာဝန်ခံ လပြည့်က မဇ္ဈိမကို ပြောသည်။

သေဆုံး ထိခိုက်မှုများနှင့် ပတ်သက်၍ မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ရဲစခန်းသိမ်းရန် ရည်ရွယ်တိုက်ခိုက်ခဲ့သော်လည်း တိုက်ပွဲ ဖြစ်ပွားချိန် တနာရီကျော်အချိန်တွင် သာစည် ထောင်ဘက်မှ စနိုက်ဘာ ၊ စက်ကလေးများဖြင့် ပစ်အားနှင့် စစ်ကူများရောက်လာသဖြင့် ကာကွယ်ရေး တပ်သားများ အထိခိုက်မရှိဆုတ်ခွာခဲ့ကြောင်း၎င်းကဆိုသည်။

ပါဝင်တိုက်ခိုက်ခဲ့သည့် ချင်းတွင်းနွေဦးတော်လှန်ရေး အင်အားစုကလည်း “မိမိတို့သည် ရန်သူထိုးစစ်အား အကောင်းဆုံး တုံ့ပြန် တိုက်ခိုက်နိုင်ခဲ့သည်” ဟု ယနေ့ (နိုဝင်ဘာ ၁၈ရက်နေ့)ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို Rocket Fighter(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ၊ ချင်းတွင်းနွေဦးတော်လှန်ရေး အင်အား စု(CSRAF) ၊ ညောင်ဦးခရိုင်တပ်ရင်း အမှတ်(၃) ၊ ဗိုလ်ကျားကြီးအဖွဲ့ (ဒီပဲယင်း – PO) ၊ ဘုတလင်တပ်ပေါင်းစု / မြို့ပြပြောက်ကျားတပ်ဖွဲ့ (Urban Guerrilla) နှင့် နယ်မြေခံတပ်ဖွဲ့များ စုပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုတိုက်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဒေသခံတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အမှန်တကယ် စစ်ကော်မရှင်ကို တိုက်ခိုက်နေသူများနှင့် လက်တွဲ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း တာဝန်ခံ လပြည့်က ဆက်ပြောသည်။

နယ်မြေအတွင်း ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် တိုက်ပွဲတပွဲပြီးဆုံးပါက ခဲယမ်း ပြန်လည်ဖြည့်တင်းရန် အခက်အခဲရှိပြီး ဆက်လက်၍ တိုက်ပွဲများ ဖော်ဆောင်နိုင်ရေးအတွက် ကူညီပေးကြရန် Rocket Fighter(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က မေတ္တာရပ်ခံထားသည်။

May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...