ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ရှောင် ၅၀၀ ကျော်အတွက် ဆေးဝါး နှင့် အနွေးထည်များလိုအပ်

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ရှောင် ၅၀၀ ကျော်အတွက် ဆေးဝါး နှင့် အနွေးထည်များလိုအပ်
Photo credit - CJ
Photo credit - CJ

သျှမ်းပြည် ဖယ်ခုံ – ပင်လောင်းနယ်စပ်တကြောသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ကျော်အတွက် ဆေးဝါးနှင့် အနွေးထည်များ အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်း စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ (၁၀) ရွာမှ ဒေသခံ ၅၀၀၀ ဝန်းကျင် နီးစပ်ရာ ကျေးရွာနှင့် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။

ထိုထဲမှ ဖယ်ခုံ – ပင်လောင်း နယ်စပ်တကြောသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်လူဦးရေ ၅၀၀ ကျော်သည် ဆေးဝါး နှင့် အနွေးထည်များ အကူအညီ လိုအပ်နေကြောင်း စစ်ရေး သတင်းအရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ရောက်နေတဲ့ နေရာက ခေါင်တဲ့နေရာဖြစ်နေတယ်။ သူတို့မှာရှိတဲ့ ဆေးဝါးတွေကလည်း နည်းတယ်။ ဆေးဝါးကတော့ အဓိကလိုအပ်နေတာ။အခု ဖျားတဲ့လူတွေကလည်း ရှိတယ်။ ဆောင်တွေ အနွေးထည်တွေကလည်း ပြေးလာကတည်းက မပါလာကြဘူး”ဟု စစ်ရေး သတင်းအရင်းမြစ် တစ်ဦးကပြောသည်။

လက်ရှိ နိုဝင်ဘာလ ဒုတိယပတ်အထိ ဘောရန်ကျေးရွာ အနီးတွင် စစ်ကောင်စီ၊ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ စစ်ရေးတင်းမာမှုများရှိ နေကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၃) ရက်နေ့တွင် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း ဘောရန်ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်နှင့် PNO တို့က မီးရှို့ ဖျက်ဆီးခဲ့သည်။

သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...
ဓာတ်ပုံ - Crd
September 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကားရပ်နားရာနေရာများနှင့် လူသွားလူလာ...
September 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့်...