လုံးခင်းမှာ စစ်ကော်မရှင်နဲ့ KIA တို့ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူတစ်ချို့ထိခိုက်မှုတွေရှိနေ

လုံးခင်းမှာ စစ်ကော်မရှင်နဲ့ KIA တို့ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူတစ်ချို့ထိခိုက်မှုတွေရှိနေ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးတစ်ဝိုက်မှာ ဒီနိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းကစလို့ စစ်တပ်နဲ့ KIA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံများမှ သိရပါတယ်။

လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာတောင်ပေါ်ဘုန်းကြီးကျောင်း၊ ဂေါက်ကွင်း၊ မျောက်ကုန်းနဲ့ လယ်ပြင်အနီးတွေမှာ တိုက်ပွဲဖြစ်ပွားနေတာလို့ သိရပါတယ်။

ဒီနေရာများတစ်ဝိုက်မှာဒီမနက်ပိုင်းကစလို့ မှော်စီစာ မိန်းလမ်းမပေါ် Jade Love Restaurant စားသောက်ဆိုင် ကနေ SKY- KTV ကျော်တဲ့အထိ အနီးနားပတ်ဝန်းကျင်တွင် ဒရုန်းဗုံးနှစ်လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံများကပြောဆိုနေကြတာလည်းဖြစ်ပါတယ်။

ဖားကန့်သွားတဲ့ လမ်းမှာရှိတဲ့ KBC ဘုရားကျောင်းရှေ့မှာလည်း ဒေသခံနှစ်ဦး ထိခိုက်ပြီး တစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး အဲ့ထဲက တစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲချိန်မှာ စစ်ကော်မရှင်က စစ်ကားများဖြင့် အသွားအလာ ပြုလုပ်နေတာဖြစ်ပြီး စစ်ကားတစ်စီးလည်း ထိခိုက်မှုရှိသွားတယ်လို့ဆိုပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ စစ်ကော်မရှင်က အနီးအနား နေအိမ်တွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်အတွင်းကကို ဝင်ရောက်ထားတဲ့ တပ်မ ၃၃ ရဲ့ စစ်ကြောင်းတွေဟာ ပြန်လည်ဆုတ်ခွာသွားပြီး တစ်လနီးပါးအကြာမှာပဲ တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာနေတာလည်းဖြစ်ပါတယ်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...