ကျိုက်ထိုမှာ ပေါ်တာအဆွဲကြမ်းနေလို့ လူငယ်များ လမ်းပေါ်မထွက်ရဲ

ကျိုက်ထိုမှာ ပေါ်တာအဆွဲကြမ်းနေလို့ လူငယ်များ လမ်းပေါ်မထွက်ရဲ
Photo credit - CJ
Photo credit - CJ

မွန်ပြည်နယ် ကျိုက်ထိုမြို့နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ စစ်ကော်မရှင်က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးမှု များပြားနေတာကြောင့် အပြင်ထွက်သွားလာသူ မရှိသလောက် နည်းပါးသွားပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်၊ ရဲနဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့အောက်တိုဘာလဆန်းပိုင်းကစလို့ ညပိုင်း ကားတွေနဲ့ကင်းလှည့်စဉ် လမ်းပေါ်မှာရှိတဲ့ လူငယ်တွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကျိုက်ထိုမြို့ခံတစ်ဦးရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ကင်းလှည့်တာကို မရှောင်နိုင်တဲ့ လူငယ်မှန်သမျှ ဖမ်းဆီးခံနေရတာကြောင့် ည ၈ နာရီနောက်ပိုင်း လမ်းပေါ်မှာ လူမရှိတော့ဘူးလို့ ဆိုပါတယ်။

စစ်ကော်မရှင်ဘက်က ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် အရင်လို လူငယ်တွေ လမ်းဘေးထိုင် စကားပြောတာ၊ လမ်းသွားလမ်းလာတာ၊ ဂစ်တာတီးတာအပြင် ညပိုင်းလမ်းပေါ်ထွက် သွားလာသူ မရှိတော့ဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ငွေကျပ် သိန်း ၅၀ ကနေ ၁၀၀ အထိ တောင်းခံတာတွေရှိနေပြီး မရွေးနိုင်ပါက တစ်ခါတည်း စစ်မှုထမ်းတပ်သား စုဆောင်းတာတွေ ရှိနေပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဖွင့်လှစ်ခဲ့တဲ့ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်း အပတ်စဉ် ၁၈ သင်တန်းအတွက် ကျိုက်ထိုမြို့နယ်က လူငယ် ၄၀ ထက်မနည်း တပ်သားစုဆောင်းခံခဲ့ရပါတယ်။

January 16, 2026
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့မှာ တစ်ပတ်အတွင်း လူငယ် ၁၀ ဦးထက်မနည်း စစ်မှု ထမ်း...
January 15, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်မယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၁ သင်တန်းအတွက်...
ဓာတ်ပုံ-MOI
January 14, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ဦးဆောင်ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း၂...
January 13, 2026
အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးပမ်းတဲ့ အပိုင်းလိုက် ရွေး ကောက်ပွဲမှာ မွန်...