ကျိုက်ထိုမှာ ပေါ်တာအဆွဲကြမ်းနေလို့ လူငယ်များ လမ်းပေါ်မထွက်ရဲ

ကျိုက်ထိုမှာ ပေါ်တာအဆွဲကြမ်းနေလို့ လူငယ်များ လမ်းပေါ်မထွက်ရဲ
Photo credit - CJ
Photo credit - CJ

မွန်ပြည်နယ် ကျိုက်ထိုမြို့နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ စစ်ကော်မရှင်က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးမှု များပြားနေတာကြောင့် အပြင်ထွက်သွားလာသူ မရှိသလောက် နည်းပါးသွားပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်၊ ရဲနဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့အောက်တိုဘာလဆန်းပိုင်းကစလို့ ညပိုင်း ကားတွေနဲ့ကင်းလှည့်စဉ် လမ်းပေါ်မှာရှိတဲ့ လူငယ်တွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကျိုက်ထိုမြို့ခံတစ်ဦးရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ကင်းလှည့်တာကို မရှောင်နိုင်တဲ့ လူငယ်မှန်သမျှ ဖမ်းဆီးခံနေရတာကြောင့် ည ၈ နာရီနောက်ပိုင်း လမ်းပေါ်မှာ လူမရှိတော့ဘူးလို့ ဆိုပါတယ်။

စစ်ကော်မရှင်ဘက်က ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် အရင်လို လူငယ်တွေ လမ်းဘေးထိုင် စကားပြောတာ၊ လမ်းသွားလမ်းလာတာ၊ ဂစ်တာတီးတာအပြင် ညပိုင်းလမ်းပေါ်ထွက် သွားလာသူ မရှိတော့ဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ငွေကျပ် သိန်း ၅၀ ကနေ ၁၀၀ အထိ တောင်းခံတာတွေရှိနေပြီး မရွေးနိုင်ပါက တစ်ခါတည်း စစ်မှုထမ်းတပ်သား စုဆောင်းတာတွေ ရှိနေပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဖွင့်လှစ်ခဲ့တဲ့ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်း အပတ်စဉ် ၁၈ သင်တန်းအတွက် ကျိုက်ထိုမြို့နယ်က လူငယ် ၄၀ ထက်မနည်း တပ်သားစုဆောင်းခံခဲ့ရပါတယ်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...