သရက်ချောင်းမှာ စစ်ကြောင်းက နေအိမ် ၄၀ ကျော် မီးရှို့ဖျက်ဆီး

သရက်ချောင်းမှာ စစ်ကြောင်းက နေအိမ် ၄၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

အင်အား ၁၅၀ နီးပါးပါတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ အောက်တိုဘာ ၂၀ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ်ထဲက လဘ၊ ဆင်ကျန်း၊ ပိတိုင်အပါအဝင် ကျေးရွာ ၅ ရွာလောက်ကို တပတ်နီးပါး စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၃ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ လဘကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၂ လုံး မီလောင်ပျက်စီးခဲ့ရပြီး ကျန်နေအိမ် ၆၀ ကျော်မှာလည်း အကုန်အမွှေခံထားရပြီး တန်ဖိုးရှိပစ္စည်းတွေလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ သရက်ချောင်းမြို့ဘက်ကို ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဝင်လာချိန် လဘ၊ ပိတိုင်၊ ဆင်ကျန်းအပါအဝင်ကျေးရွာ ၅ ရွာလောက်က ပြည်သူ ၂၀၀၀ ကျော်ထွက်ပြေးခဲ့ရပြီး စစ်ကြောင်းပြန်ဆုတ်သွားလို့ အများစုက ကျေးရွာတွေမှာ ပြန်လာနေထိုင်နေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ကျောက်လှေကား၊ စော်ဖျားနဲ့မိုးရွေကုန်းရွာတွေက အိမ်ခြေ ၅၀ ကျော်ကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-USDP
March 21, 2026
စစ်ကော်မရှင်ကနေ ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့...
March 20, 2026
မွန်ပြည်နယ်ကို စစ်ကောင်စီ တာဝန်ယူပြီးနောက်ပိုင်း တည်ငြိမ်ရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့...
ဓာတ်ပုံ-CJ
March 19, 2026
မွန်ပြည်နယ်မှာ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးနောက် စစ်ကော်မရှင် လက်အောက်ခံ...
ဓာတ်ပုံ - CJ
March 18, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းကလေးကျေးရွာအနီးရှိ တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့...