ကမမောင်း၊ ဖားဘောင်ရွာတွင် စစ်တပ်၏ လက်နက်ကြီးထိမှန်၍ ဒေသခံ ၄ ဦးသေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ

ကမမောင်း၊ ဖားဘောင်ရွာတွင် စစ်တပ်၏ လက်နက်ကြီးထိမှန်၍ ဒေသခံ ၄ ဦးသေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ
Photo credit - CJ
Photo credit - CJ

ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန်ခရိုင် ကမမောင်းမြို့နှင့် အနီးရှိ သထုံခရိုင် ဖားအံမြို့နယ်၊ ဖားဘောင်ရွာတွင် ယမန်နေ့ (အောက်တိုဘာလ ၂၀ ရက်နေ့) တွင် အာဏာသိမ်း စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ဒေသခံ ၄ ဦးသေဆုံးကာ ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်ဟု မြို့နယ်တာဝန်ရှိသူနှင့် ဒေသခံတို့က ပြောသည်။

ယမန်နေ့ည ၅ နာရီခွဲခန့်တွင် ဖားဘောင်ရွာသို့ ကမမောင်းအခြေစိုက် စစ်အုပ်စုတပ်စခန်းမှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးဖြင့် လှမ်းပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသတွင်း တာဝန်ရှိသူများထံမှ သိရသည်။

ထိုသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ လေးဦးထဲတွင် နှစ်ဦးမှာ ပွဲချင်းပြီး သေဆုံးပြီး ကလေးငယ်များ အပါအဝင် ဒေသခံ ၁၀ ဦးကျော်မှာ ကျည်စ ထိမှန် ဒဏ်ရာများ ရရှိခဲ့သည်ဟု မြို့နယ်တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“ကမမောင်းကနေ ရွာထဲကို တိုက်ပွဲမဖြစ်ပဲ လှမ်းပစ်တာ။ ၃ လုံးကျတယ်။ စစချင်း လူကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက် ၂ ယောက် ပွဲချင်းပြီး သေသွားတယ်။ အခုလောလောဆယ် ၄ ယောက်ရှိပြီလို့ ကြားတယ်။ ထိခိုက်ဒဏ်ရာရတာက ၁၀ ယောက်ကျော် ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် ထိခိုက်သေဆုံးမှုများကို ဆက်လက်အတည်ပြုနေဆဲဖြစ်ပြီး ဒဏ်ရာရရှိသူများကို ကမမောင်း ဆေးရုံသို့ ပို့ဆောင်ကာ အရေးပေါ် ဆေးကုသမှုခံယူစေခဲ့သည်ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

ယမန်နေ့ညတွင်လည်း ကော့ကရိတ်မြို့နယ် မြောက်ပိုင်းရှိ ထီဖိုးစံ ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ် ပွားခြင်းမရှိ Y12 ဗုံးကြဲလေယာဉ်ဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၊ စေတီ၊ စာသင်ကျောင်းနှင့် ကျေးရွာ လူနေအိမ်များ မီးလောင် ပျက်စီးသွားကြောင်း သိရသည်။

September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...
September 3, 2026
ကွယ်လွန်သူ ကရင်တေးရေး၊ အဆိုတော် ဟက်ပီးပိုး ရေးစပ်ပြီး Kpaw Joy သီဆိုထားသည့် “ထွီဝါးခီး” သီချင်း...
ဓာတ်ပုံ - Saw Chaint Phaung
September 3, 2026
ကရင်ပြည်၊ ဖားအံမြို့ အပါအဝင် မဒေါက်၊ ပဲခူးနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေများ...