ဆဲထန်ဒေသရှိ ကျေးရွာ စာသင်ကျောင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရ

ဆဲထန်ဒေသရှိ ကျေးရွာ စာသင်ကျောင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရ

ချင်းပြည်နယ်၊ ဆဲန်ထန်ဒေသ၊ ဇာထာလ် (Zathal) ကျေးရွာ စာသင်ကျောင်းကို ယနေ့မနက်ပိုင်းတွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ဇာထာလ်ကျေးရွာ စာသင်ကျောင်းကို ပစ်မှတ်ထားပြီး ယနေ့ အောက်တိုဘာလ ၂၁ ရက် နံနက်စောပိုင်း ၁၂ နာရီ ၅၅ မီနစ်တွင် ၁ ကြိမ်၊ ၁ နာရီခန့်တွင် ၁ ကြိမ်တို့ဖြင့် လေကြောင်းမှ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်သည်ဟု Senthang Central Council ထံမှ သိရသည်။

ကလေးသူငယ်နှင့် ဒေသခံပြည်သူများအပေါ် ပစ်မှတ်ထား၍ စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်ခြင်း လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဆဲန်ထန်ဒေသ ဗဟိုကောင်စီ (Senthang Central Council) က ယနေ့မှာ ထုတ်ပြန်သည်။

စစ်တပ်သည် ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် လူထုအပေါ် အကြမ်းဖက်နည်းလမ်းဖြင့် ခြိမ်းခြောက်ခြင်းနှင့် တိုက်ခိုက်ခြင်းများ ဆက်လက်ကျူးလွန်နေသည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် စစ်ကော်မရှင် ကျင်းပမည့် တရားမဝင် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုရန်၊ စာသင်ကျောင်းများကို အကန့်အသတ်မရှိ ပိတ်ထားရန်၊ လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကို အတတ်နိုင်ဆုံး ရှောင်ကြရန် ဆဲထန်ဒေသ ဗဟိုကောင်စီက အသိပေး ထုတ်ပြန်သည်။

Most read this week

August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...