စစ်အုပ်စုတပ် စစ်ကြောင်းထိုးလာ၍ ရေဖြူဒေသခံ ထောင်ချီ ထွက်ပြေးနေရ

စစ်အုပ်စုတပ် စစ်ကြောင်းထိုးလာ၍ ရေဖြူဒေသခံ ထောင်ချီ ထွက်ပြေးနေရ

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ထိုးနေသောကြောင့် ထောင်နှင့်ချီသည့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဖြူမြို့နယ်မှ စစ်ဘေးရှောင် ကူညီသူများ၏ ပြောဆိုချက်များအရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့မှ စတင်ပြီး ယနေ့အချိန်ထိ စစ်အုပ်တပ်သည် အင်အား (၂၀၀) ဝန်းကျင်ဖြင့် ရေဖြူမြို့နယ်ရှိ မူဒူးကျေးရွာ၊ ရလိုင်ကျေးရွာ၊ ဇာဒီကျေးရွာအပါအဝင် ရေဖြူ အနောက်ဘက်ကမ်း တလျှောက်ကို ဝင်ရောက် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ ထို့ကြောင့် ဒေသခံ (၃၀၀၀) ဝန်းကျင်မှာ ယနေ့အချိန်ထိ ဘေးလွတ်ရာနေရာများသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

“ရှိသမျှရွာတိုင်းကို တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးနေတာ အခုထိပဲ။ နဂိုရှိပြီးသား စစ်ဘေး ရှောင်တွေထက် ထပ်တိုးပြီး ရောက်လာတဲ့ စစ်ဘေးရှောင်တွေလည်း များတယ်။ လူသားချင်း စာနာထောက်ထားမှုတွေလည်း အများကြီးလိုအပ်နေတယ်။ အမိုးအကာတွေကအစ။” ဟု ကေအိုင်စီသို့ ပြောဆိုသည်။

၎င်းအပြင် ပြီးခဲ့သည့် အောက်တိုဘာလ (၁၆) ရက်နေ့တွင်လည်း တန်းရှင်းကျေးရွာအတွင်းသို့ မြိတ် လေတပ်မှ စခန်းဌာနချုပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အပြင် စစ်သေ နတ်များဖြင့်ပါ ပစ်ခတ်မှု လုပ်ဆောင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းက “အခုလက်ရှိမှာ နှစ်ဖက်တိုက်ပွဲ ကြီးကြီးမားမား ဖြစ်ပွားတာမျိုးတော့ မရှိသေးဘူး။ စစ်တပ် ဘက်က စစ်ကြောင်းထိုးတယ်။ လေကြောင်းကနေ တိုက်ခိုက်တာတွေကို ဆက်တိုက် လုပ်ဆောင်နေတာကို တွေ့ရတယ်။ ဒါပေမယ့် စစ်တပ်ကိုတော့ ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်တာမျိုးတွေတော့ရှိပါတယ်။” ဟု ပြောသည်။

တစ်ဖက်တွင်လည်း စစ်အုပ်စုတပ်အနေနှင့် ရွေးကောက်ပွဲမတိုင်မီ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ ဒေသခံများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကို ဆက်တိုက် ကျူးလွန်နေကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူများက ပြောသည်။

ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...
September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...