KIO လိုင်ဇာဌာနချုပ် လိုင်ဇာမြို့ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး တရုတ်လူမျိုး ၂ ဦး ဒဏ်ရာရရှိ

KIO လိုင်ဇာဌာနချုပ် လိုင်ဇာမြို့ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး တရုတ်လူမျိုး ၂ ဦး ဒဏ်ရာရရှိ

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့အတွင်း အောက်တိုဘာလ ၁၆ ရက် ညသန်းခေါင်ယံအချိန် စစ်ကော်မရှင်တပ်ကနေ အသေခံဒရုန်း(Suicide drone)နဲ့ လာရောက် တိုက်ခိုက်ခဲ့တဲ့အတွက် တရုတ်လူမျိုး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ညသန်းခေါင်ယံ ၁၂ နာရီအချိန်လောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရပြီး လိုင်ဇာမြို့မှာ နေထိုင်နေတဲ့ တရုတ်လူမျိုးနှစ်ဦး ထိခိုက်ဒဏ်ရာရှိတာလို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“တရုတ်အိမ်ထိတာပေါ့။ နှစ်ယောက် နည်းနည်း ထိခိုက်တာပေါ့။” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးဟာ နားနဲ့ ခြေထောက်နေရာတွေမှာ ထိခိုက်သွားတာလို့ ကြားသိရပေမဲ့ စိုးရိမ်ရတဲ့ အခြေအနေ ရှိ/မရှိကိုတော့ မသိရှိရဘူးလို့ နောက်ထပ် လိုင်ဇာဒေသခံပြည်သူတစ်ဦးကလည်း ပြောပါတယ်။

အသေခံဒရုန်း တိုက်ခိုက်ခံရတာ မှန်ကန်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြု ပြောကြားပါတယ်။ ကျန်တဲ့အခြေအနေ အသေးစိတ်တော့ မပြောပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း လိုင်ဇာမြို့အနီးတစ်ဝိုက် စစ်ကော်မရှင်တပ်ကနေ အသေဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပါတယ်။

ဗန်းမော်မြို့ဘက် တိုက်ပွဲ ပြင်းထန်ချိန်ကနေ စပြီး လိုင်ဇာမြို့အနီးတစ်ဝိုက် စစ်ကောင်စီရဲ့ ထောက်လှမ်းရေး ဒရုန်းတွေ မကြာခဏ ပျံသန်းတာတွေရှိခဲ့တဲ့အပြင် စစ်ကော်မရှင်တပ်ဟာ အသေခံဒရုန်းတွေကို အသုံးပြုပြီး လိုင်ဇာမြို့အနီးတစ်ဝိုက် တိုက်ခိုက်တာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement (NCA)) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို စစ်ကော်မရှင်တပ်ကနေ ဦးစီးပြီး အောက်တိုဘာလ ၁၅ ရက်ကနေ ဒီကနေ့ ၁၇ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပနေပါတယ်။

June 13, 2026
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တိမ်ခိုးတွေနဲ့ရစ်ပတ်နေတဲ့ ယူနန်တောင်တန်းကြီးတွေကြားမှာ...
June 12, 2026
စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မသင်တန်းပို့ခံရတဲ့ သူအရေအတွက်ဟာ ကချင်ပြည်နယ်မှာ ၄၆၉ ယောက်...
June 11, 2026
မြန်မာမှာ ကက်သလစ် သာသနာပိုင်နယ်မြေ ၁၇ ခု ရှိတဲ့အနက် နယ်မြေ ၅ ခုက ဘုန်းတော်ကြီးတွေဟာ...
June 10, 2026
ဇွန် ၉ ရက်ဟာ ကချင်ဒေသမှာ တစ်ကျော့ပြန်စစ်ပွဲဖြစ်ခဲ့တာ ၁၅ နှစ်တိတိပြည့်တဲ့နေ့ပါ။...