နတ်ရေကန်ဗျူဟာကုန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်

နတ်ရေကန်ဗျူဟာကုန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
Photo credit - AK Htoo
Photo credit - AK Htoo

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း- ပဒါန်းကားလမ်းမ ရခိုင်ရိုးမတောင်ပေါ်ရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းကြီးကို AA နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အင်အားအထပ်ထပ် ဖြည့်တင်းထားသည့် အဆိုပါ နတ်ရေကန်ဗျူဟာကုန်းကို AA နှင့် ပူးပေါင်းတပ်များသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ စ၍ ၉ လ နီးပါးကြာ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၁၄ ရက်တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“ထွက်ပြေးနေတဲ စစ်ကောင်စီ တပ်သားတွေကို လိုက်ရှင်းနေပါတယ်။ တချို့ကျတော့ လက်နက်ချတာတွေ ရှိသလို တချို့ကျတော့လည်း ထွက်ပြေးနေတာပါ။ သိမ်းပိုက်တာကတော့ မနေ့က နေ့လည်ပိုင်းကပါ။ အသေးစိတ်ကို ပြောမရသေးပါဘူး။ တပ်တော် (AA)ဘက်က ထုတ်ပြန်ပါလိမ့်မယ်” ဟု AA နှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါ စခန်းကုန်းနှင့် အနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် နတ်ရေကန်ဗျူဟာကုန်းအနီးမှ ဖိုက်တာကုန်းကို အောက်တိုဘာ ၉ ရက်တွင် သိမ်းပိုက်ခဲ့ပြီး ဗျူဟာကုန်းကြီး တစ်ခုလုံးကို အနီးကပ် ထိုးစစ်ဆင်ခဲ့ပြီးနောက် ၅ ရက်အကြာ၌ စခန်းကုန်းတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ္ဘာလုံးစခန်းကို သိမ်းပြီးနောက်မှာတော့ လက်ကျန်ဗျူဟာကုန်းကိုလည်း စစ်ကောင်စီဟာ လေကြောင်းကနေ လက်နက်ခဲယမ်းတွေ စားနပ်ရိက္ခာတွေ ချပေးခဲ့သေးတယ်။ အဲဒီကြားနေ သိမ်းပိုက်လိုက်တာ အခုအချိန်ထိ အနီးနားမှာ လေကြောင်းပစ်ခတ်မှုတွေ ရှိနေပါတယ်” ဟု ယင်းအခြေအနေကို သိသူ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ပဒါန်းဖက်ကနေ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူစစ်ကြောင်းများ ပို့ရန် ကြိုးစားနေပြီး AA နှင့် ပူးပေါင်းတပ်များက လမ်းကနေ ကြားဖြတ်တိုက်ခိုက်မှုများရှိနေကြောင်း သိရသည်။

AA သိမ်းပိုက်လိုက်သည့် နတ်ရေကန်ဗျူဟာကုန်းသည် စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးအတွက် အဓိကကျသည့်အပြင် စစ်ရေးအရ အရေးပါသည့် စခန်းကြီးတစ်ခုဖြစ်သည်။

“ဒီစခန်းက မကွေးတိုင်းနဲ့ ရခိုင်၊ အမ်းမြို့တွေ နှစ်ခုစလုံးကို စိုးမိုးနိုင်တယ်။ ရခိုင်ကို ဝင်မဲ့ အဓိက လမ်းပေါက်လည်း ဖြစ်တော့ အဲဒီကနေ အမ်း နပခကို ပြန်ထိုးဖို့ သူတို့ ရည်မှန်းထားကို မြင်ရတယ်။ နောက်ပြီးတော့ မကွေးက ကပစ စက်ရုံတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့ အနေအထားဖြစ်တယ်။ ဆိုတော့ ဒီစခန်းကုန်းကို AA ရလိုက်တာဟာ ပဒါန်း၊ မင်းဘူးတို့က ကပစ စက်ရုံတွေ လုံခြုံရေးကို ခြိမ်းခြောက်ထားပြီးသား ဖြစ်တယ်” ဟု စစ်ရေးစောင့်ကြည့်နေသူ တစ်ဦးက သုံးသပ်သည်။

အာရက္ခတပ်တော်သည် ရခိုင်က မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီးနောက် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့ကို ဆက်လက်ထိုးဆင်နေခြင်း ဖြစ်သည်။

ထို့အတူ အာရက္ခတပ်တော်၏ ထိုးစစ်များကြောင့် မကွေး၊ ပဲခူးတိုင်းတို့ရှိ ကပစ စက်ရုံများမှာလည်း လုံခြုံ‌ရေး စိုးရိမ်စရာ ဖြစ်လာနေကြောင်း စစ်ရေးနိုင်ငံရေး အကဲသူတို့က မှတ်ချက်ပြုနေကြသည်။

Most read this week

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...