မီဒီယာသမားများ၏ လွတ်လပ်မှုနှင့် ဘေးကင်းလုံခြုံမှုကို လေးစားရန် မြန်မာအမျိုးသမီးအဖွဲ့များ တိုက်တွန်း

မီဒီယာသမားများ၏ လွတ်လပ်မှုနှင့် ဘေးကင်းလုံခြုံမှုကို လေးစားရန် မြန်မာအမျိုးသမီးအဖွဲ့များ တိုက်တွန်း

အာဏာပိုင်အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် မီဒီယာသမားများ၏ လုပ်ငန်းခွင့် လွတ်လပ်မှုနှင့် ဘေးကင်းလုံခြုံမှုကို လေးစားလိုက်နာရန် မြန်မာအမျိုးသမီး မီဒီယာများအဖွဲ့ (MWIM) နှင့် မြန်မာအမျိုးသမီးသမဂ္ဂ(BWU) ၊ Sisters 2 Sisters အဖွဲ့တို့မှ စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်သည်။

လက်နက်ကိုင်အဖွဲ့အစည်းများအပါဝင် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် မီဒီယာများ တာဝန်ဝတ္တရား လွတ်လပ်စွာဆောင်ရွက်ခွင့်ကို လေးစားရန် လိုအပ်ပြီး သတင်းအလုပ်လုပ်ကိုင်နေသူများကို ဖမ်းဆီးခြင်းသည် သတင်းလွပ်လပ်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေသည်ဟု အမျိုးသမီးအဖွဲ့များက ဆိုထားသည်။

လက်ရှိ ရခိုင်အခြေစိုက် Border News Agency ၏ အမျိုးသမီးသတင်းထောက် မမုဒြာကို ULA/AA က စစ်ဆေးရန် ခေါ်ဆောင်ထားပြီး နှစ်ပတ်ကြာသည့်တိုင် ပြန်လွတ်လာခြင်းမရှိသေးအပေါ် စိုးရိမ်ပူပန်မိပြီး ထိုသို့ဖမ်းဆီးထားခြင်းအပေါ် ရှုတ်ချကြောင်း အမျိုးသမီးအဖွဲ့များ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

BNA အယ်ဒီတာချုပ် ဦးကောင်းမြတ်နိုင်က "ဒီနေ့ထိ အဆက်အသွယ်မရသေးဘူး။ မိသားစုနဲ့လည်း ဆက်သွယ်မရဘူး။ သူ့အဖေကိုလည်း သူနဲ့ တစ်ရက်ပဲ တွေ့ခွင့်ပေးတယ်။ အဲဒီနေ့ကနေ AA ဖက်က လာတွေ့ခွင့်မရှိဘူးပြောတော့ သူ့အဖေလည်း သွားမတွေ့တော့ဘူး" ဟု ပြောသည်။

မမုဒြာသည် သတင်းအလုပ်ကိုလုပ်ကိုင်နေသည့် သတင်းထောက်တစ်ဦးဖြစ်ပြီး ယခုကဲ့သို့ ကြာရှည်စွာ စစ်ဆေးနေခြင်းမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုနှင့် လွတ်လပ်စွာ သတင်းရယူတင်ပြခွင့်ကို ထိခိုက်စေသဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် အမျိုးသမီးအဖွဲ့များက တောင်းဆိုထားသည်။

ULA/AA ပြောခွင့်ရ ဦးခိုင်သုခက မုဒြာအနေဖြင့် စစ်ပွဲကာလတွင် လိုက်နာရမည့် စည်းကမ်းများအား ဘောင်ကျော်ကာ အများပြည်သူလုံခြုံရေးကို ထိခိုက်စေသည့် လှုပ်ရှားမှုများကြောင့် ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကြောင်း မီဒီယာများသို့ ပြောဆိုထားသည်။

ULA/AA က သတင်းသမားများအား ယခုကဲ့သို့ ခေါ်ယူစစ်ဆေးမှုများရှိလာနေသဖြင့် မြေပြင်တွင် သတင်းအလုပ် လုပ်ကိုင်နေကြသည့် သတင်းသမားများမှာ လုံခြုံရေး၊ လွတ်လပ်စွာ သတင်းရယူခွင့်တို့နှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေကြသည်။

"သတင်းထောက်တွေအနေနဲ့ အခုထက် ပိုပြီးအကျပ်အတည်းရောက်လာမှာကိုပဲ ပိုပြီးစိုးရိမ်တယ်။ အင်တာနက်အခက်အခဲတွေအပြင် တချို့ကန့်သတ်မှုတွေကြောင့် သတင်းထောက်တွေအနေနဲ့ မြေပြင် သတင်းယူတဲ့အခါ အခက်အခဲတွေရှိနေကြရတဲ့အထဲ အခုလိုစစ်ဆေးမေးမြန်တာတွေ ပါရှိလာတော့ သတင်းရရှိမှုအပိုင်း အားနည်းသွားမှာကို စိုးရိမ်မိတယ်" ဟု ရခိုင်က အမျိုးသမီးသတင်းထောက်တစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်သတင်းမီဒီယာအဖွဲ့များနှင့် သတင်းသမားများမှာ တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ ဖုန်း/အင်တာနက် အခက်အခဲ၊ လေကြောင်းအန္တရာယ်နှင့် လမ်းခရီးအကန့်အသတ်စသည့် စိန်ခေါ်မှု များစွာကြားမှ သတင်းလုပ်ငန်းများကို လုပ်ကိုင်နေကြရသည်။

ထိုသို့ တိုက်ပွဲနယ်မြေနှင့် စိန်ခေါ်မှုများသော ဒေသများတွင် ရဲဝံ့စွာ တာဝန်ထမ်းဆောင်နေကြသည့် အမျိုးသမီးသတင်းထောက်များ၏ အထူးအလေးထား စိုးရိမ်ပူပန်ကြောင်း အမျိုးသမီးအဖွဲ့များက ထုတ်ပြောထားကြသည်။

"နယ်မြေမလုံခြုံမှုတွေ ကြားထဲက အရဲစွန့်ပြီး သတင်းမီဒီယာအလုပ်ကို လုပ်ကိုင်နေကြရတာ။ ဒါ့အပြင် အခုလို ဖမ်းဆီးစစ်ဆေးတာတွေ ပါရှိလာတော့ ပုဂ္ဂိုလ်ရေးအရ မလုံခြုံမှုတွေ တိုးလာသလို ခံစားရတယ်" ဟု ရခိုင်က အလွတ်တန်းသတင်းထောက် အမျိုးသားတစ်ဦးက ပြောသည်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ၏ ၂၀၂၅ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ ထဲ အဆင့် ၁၆၉ တွင်ရပ်တည်နေသည့် အခြေအနေတွင် မီဒီယာသမားများအပေါ် ဖိအားပေးမှုများထပ်မံဖြစ်ပေါ်ခြင်းကို ပြင်းထန်စွာရှုတ်ချ ကြောင်း အမျိုးသမီးအဖွဲ့များ၏ ထုတ်ပြန်ထားသည်။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...