ဘီးလင်းမှာ စစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၂၀ နီးပါး ဖမ်းဆီးခံရ

ဘီးလင်းမှာ စစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၂၀ နီးပါး ဖမ်းဆီးခံရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ ကင်းပုန်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံ ရပြီးနောက် ဒေသခံ ၂၀ နီးပါး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကော်မရှင်တပ် ယာဉ်တန်းအတွက် ကင်းပုန်းလာဝပ်တဲ့ အင်အား ၅၀ ကျော်ပါတဲ့ တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက အထပ်သားစက်ရုံအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အထိနာသွားတဲ့ စစ်ကော်မရှပ်တပ်ဟာ မိုင်းဆွဲခံရတဲ့နေရာအနီးမှာ ရှိနေတဲ့ အထပ်သားစက်ရုံလုပ်သား၊ ဈေးဆိုင်ရောင်းသူတွေနဲ့ဆိုင်တွေမှာရှိနေသူ အမျိုးသား ၁၇ ဦးကို ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံရသူ အမျိုးသားတွေက အသက် ၁၇ နှစ်ကနေ ၅၀ ကြားရှိတဲ့ ဒေသခံ အမျိုးသားတွေ ဖြစ်ပြီး အားလုံးကို ဘီးလင်းအခြေစိုက် အမှတ် ၈ ခြေလျင်တပ်ရင်းထံ ဖမ်းဆီးသွားပြီး အောက်တိုဘာ ၂ ရက်နေ့အထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် မိုင်းဆွဲခံရတဲ့ အခင်းဖြစ်ရာနေရာအနီးမှာ တွေ့ရှိတဲ့ ဆိုင်ကယ် သုံးစီးကိုလည်း စစ်ကော်မ ရှင်တပ်က သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့လကစလို့ စစ်ကော်မရှင်တပ်က လုံခြုံရေးတိုးမြှင့်တာ၊ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်နိုင်တဲ့ လမ်းပိုင်းတွေမှာ ကင်းပုန်းဝပ်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...