ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချခံထားရတဲ့ နိုင်ကျဉ်း ၃ ဦး ထွက်ပြေးလွတ်မြောက်

ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချခံထားရတဲ့ နိုင်ကျဉ်း ၃ ဦး ထွက်ပြေးလွတ်မြောက်

စစ်ကိုင်းနဲ့ ကချင်အစပ် ဗန်းမောက်မြို့ပေါ်ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်လိုက်ပြီးနောက် အချုပ်ထောင်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချခံထားရတဲ့ နိုင်ကျဉ်း ၃ ဦး ထွက်ပြေး လွတ်မြောက်လာတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

လွတ်မြောက်လာသူနိုင်ငံရေးအကျဉ်းသား ၃ ဦးဟာ ဗန်းမောက်မြို့မှာဘဲ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး ထောက်ပို့အမျိုးသားတစ်ဦး၊ CDM ပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးနဲ့ နောက်ထပ် နိုင်ငံရေးမှုနဲ့ အကျဉ်းချခံရတဲ့ အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

“လွတ်လာတာမှန်ပါတယ်။ နိုင်ငံရေးမှုနဲ့ဘဲ ၃ ယောက်ပါ။ တစ်ယောက်က ထောက်ပို့ အဲ့တစ်ယောက်ကလည်း ထောင်ဒဏ် တစ်သက်ကျထားတာ။ သူတို့ကိုက ထောင်တွေ လွှဲပြောင်းတာမရှိဘူး။ တကယ်ဆို ကသာပို့ရမှာ လမ်းကြောတစ်လျှောက်လုံးက တော်လှန်ရေးတပ်က စိုးမိုးနယ်မြေဆိုတော့ မပို့ဘဲ အဲ့မှာဘဲ ထားထားတာ”လို့ လွတ်မြောက်လာတဲ့သူတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လွတ်မြောက်လာသူအားလုံးဟာ ဗန်းမောက်မြို့ကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်းမှာဘဲ လွတ်မြောက်လာခဲ့ကြတာလို့ သိရပါတယ်။

ထောက်ပို့လုပ်ရင်း ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားနဲ့ နောက်ထပ် နိုင်ငံရေးအကျဉ်းသား အမျိုးသားဟာ ၂၀၂၃ ခုနှစ် ဇွန်လ ဝန်းကျင်မှာဘဲ ရှေ့ဆင့် နောက်ဆင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး CDM ပညာရေးဝန်ထမ်းအမျိုးသမီးကတော့ ၂၀၂၄ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

ဒါ့အပြင် နောက်ထပ်ဆေးမှုနဲ့ ထောင်ကျနေတဲ့ အမျိုးသားတစ်ဦးလည်း လွတ်မြောက်လာသေးတယ်လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတွေက အတည်ပြုပါတယ်။

လက်ရှိ ဗန်းမောက်မြို့ပေါ်ကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ပြီးတဲ့နောက် ရှမ်းနီအမျိုးသားများ တပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ဗန်းမောက်မြို့ရဲ့အနောက်ဘက်ခြမ်း၊ မြောက်ဘမ်းခြမ်းက ကျေးရွာတွေမှာ နေရာယူထားကြပြီး အချိန်မရွေး နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်လာနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

July 15, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး၏ ကသာ–နဘားလမ်းပိုင်းတွင် မော်တော်ယာဉ်အချို့ ပြန်လည်...
July 14, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကူး ဇက်ဆိပ်များကို စစ်တပ်က တစ်ပတ်ကျော်ကြာ ပိတ်ထား...
July 14, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် အသက်မပြည့်သေးသည့် ကလေးငယ်များ မူးယစ်ဆေးဝါး ရောင်းချနေ ကြကြောင်း...
July 11, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများအားလုံး ပြန်လည် လွတ်...