လွိုင်ကော်ထောင်မှာ အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေ ပိုမို ဆိုးရွားလာ

လွိုင်ကော်ထောင်မှာ အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေ ပိုမို ဆိုးရွားလာ

ကရင်နီပြည်၊ လွိုင်ကော် အကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၁ လေးလုံး စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း အကျဉ်းသား၊ အကျဉ်းသူ တွေရဲ့ ကျန်းမာရေး အခြေအနေတွေ ပိုမို ဆိုးရွားလာတယ်လို့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) က ပြောပါတယ်။

အကျဉ်းသားတွေဟာ ယားနာဖြစ်တာ၊ တုပ်ကွေးဖြစ်တာ၊ ခန္ဓာကိုယ်အောက်ပိုင်းထုံကျင်ပြီး မလှုပ်ရှားနိုင်တာ၊ ခါးနာကိုက်ခဲတာ၊ မျက်စိမှုန်တာ နဲ့ အစာအိမ်နာတာတွေ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

“လွိုင်ကော်ထောင်မှာ ရှိတဲ့ အကျဉ်းသူ အကျဉ်းသား အားလုံးပေါ့နော်။ နိုင်ငံရေး အမှုတွေကော တခြားသော အမှုတွေကော ကျန်းမာရေး အခြေအနေ စပြီးတော့ ဆိုးရွားလာတာက ၂၀၂၃ ခုနှစ်က လို့ ကျနော်တို့ ခန့်မှန်း ပြောလို့ရတယ်။ အဲ့ဒီအချိန်မှာ ကျနော်တို့ အခြေအနေကလည်း လုံးဝ မတည်ငြိမ်ဘူး။ ပြီးတော့ ၁ လေးလုံး ကလည်း အဲ့ချိန်တွေမှာ စပြီး ဖြစ်တယ်။ ပြီး‌တော့ ကုန်စျေးနှုန်းတွေကလည်း တခြားသော နှစ်တွေလိုမျိုး မဟုတ်ဘူး။ ကုန်စျေးနှုန်း မြှင့်တက်လာတယ်။ ဝန်ထမ်းအပြောင်းအလဲ တွေလည်း ဖြစ်လာတယ်။ အဲ့ဒါတွေက အစ ကျနော်တို့ အကျဉ်းသား ၊ အကျဉ်းသူ တွေရဲ့ ကျန်းမာရေး အခြေအနေတွေ တော်တော်လေး ဆိုးရွားလာတယ်” လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) ရဲ့ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အခုလို ကျန်းမာရေး စောင့်ရှောက်မှုတွေ အပြည့်အဝ မရရှိတာရဲ့ နောက်ဆက်တွဲပြဿနာကြောင့် သောက်ဆေးနဲ့ ပျောက်ကင်းရမယ့် ရောဂါတွေဟာ ထိုးဆေးတွေနဲ့တောင် မပျောက်ကင်းနိုင်တော့သလို၊ စိတ်ကျရောဂါ ဝင်လာတာတွေ၊ suicide (မိမိကိုယ်ကို အဆုံးစီရင်ခြင်း) လုပ်ချင်တဲ့ စိတ် တွေ ပိုမို များပြားလာတာ တွေ့ရတယ်လို့ သူက အခုလို ဆက်ပြောပါတယ်။

“သူတို့ရဲ့ ကျန်းမာရေး အခြေအနေ စဖြစ်လာတော့ နောက်ဆက်တွဲ ပြဿနာတွေက ဘာဖြစ်လာလည်းဆိုရင် ထင်သာ မြင်သာတဲ့ အချက်က ဘာလည်းဆိုရင် အရေပြား ရောဂါတွေက မပျောက်ကင်းနိုင်တော့ဘူး။ ဥပမာ ပွေးဆိုရင် သာမန်အားဖြင့် ပျောက်နိုင်ပေမယ့် သူ့ဟာက လုံးဝမပျောက်နိုင်တော့တဲ့ အခြေအနေတွေ‌ ဆေးမနိုင်တော့တဲ့ အခြေအနေပေါ့နော်။” လို့ KPPA ရဲ့ အဖွဲ့ ဝင်တစ်ဦးက ဆက်ပြောပါတယ်။

ဒါ့အပြင် အကျဉ်းသားတွေဟာ တလတာအတွက် ဆပ်ပြာ တခဲသာ ရရှိတာ၊ တရက်ကို ရေ ၁၅ ခွက်သာ ချိုးရတာ၊ ရေစိမ်းသောက်သုံးနေရတာ၊ စောင်မလုံလောက်တာကြောင့် အအေးဒဏ်ခံရတာ၊ ပျက်စီးနေတဲ့ ကြမ်းပြင်ပေါ် အိပ်စက်ရတာတွေ အပြင် ထောင်ဝတ်စုံ နဲ့ ဖိနပ်တွေ မလုံလောက်တာ တွေကိုလည်း ကြုံတွေ့နေရတယ်လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) က ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည် ၊ လွိုင်ကော် အကျဉ်းထောင်မှာတော့ နိုင်ငံရေး အကျဉ်းသားဦးရေ (၅၀) ဝန်းကျင် အပါအဝင် အကျဉ်းသား စုစုပေါင်း (၇၀၀) ခန့် ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားများအဖြစ် ကျခံနေတဲ့ အကျဉ်းသားတွေကတော့ ထောင်ဝင်စာ ဧည့်တွေ့ခွင့် မရရှိကြဘူးလို့ သိရပါတယ်။

April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...