အင်းတော်-ဗန်းမောက် မြို့နယ်ချင်းဆက်လမ်းပိုင်းများအားလုံးပိတ်

အင်းတော်-ဗန်းမောက် မြို့နယ်ချင်းဆက်လမ်းပိုင်းများအားလုံးပိတ်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ်ချင်းဆက် လမ်းပိုင်းတွေကို အင်းတော်မြို့နယ် ပကဖက ကန့်သတ်ပိတ်ပင်လိုက်ကြောင်း ကြေညာလာပါတယ်။ 

ဒီနေ့စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး အင်းတော်-ဗန်းမောက် ကိုဆက်ထားတဲ့ ဗျူဟာလမ်း အပါအဝင် လမ်းပိုင်းအားလုံးကို ပိတ်ပင်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ 

ပိတ်ပင်လိုက်တဲ့ အကြောင်းအရင်းကိုတော့ ထုတ်ပြောခြင်းမရှိပါဘူး။

ဒေသခံတွေရဲ့ ပြောဆိုမှုအရ စစ်ရေးအခြေအနေတွေကြောင့် ဗန်းမောက်-အင်းတော်လမ်းပိုင်းကို ပကဖ တွေက ပိတ်ပင်တာလို့ပြောဆိုကြပါတယ်။ 

သို့ပေမယ့် အင်းတော်မြို့နယ်ကို  NUG က ထိန်းချုပ်စိုးမိုးထားဆဲအခြေအနေဖြစ်ပြီး အင်းတော်မြို့နယ် ဧရိယာအတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးပါဘူး။ 

ဒါ့အပြင် အင်းတော်-ဗန်းမောက် လမ်းပိုင်းအားလုံးနီးပါးကိုလည်း NUG ရဲ့ ပကဖ တွေက ထိန်းချုပ် စိုးမိုးထားတာပဲ ဖြစ်ပါတယ်။ 

ဒီနေ့မနက်ပိုင်းမှာလည်း ဗန်းမောက်မြို့အနီးမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့  KIA+PDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

အင်းတော်မြို့နယ်ဟာ NUG က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီကလည်း ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ကြောင်း မနေ့က ကြေညာထားပါတယ်။

June 10, 2026
ရွှေကူမြို့နဲ့ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို KIA က ရက်အကန့်အသတ်မရှိ ပိတ်ပင်ပြီး ဒေသခံများ...
June 9, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ဗန်းမောက်မြို့နယ်လုံးဆိုင်ရာ တိုင်းလျမ်...
စစ်ဘေးရှောင်များကို ဒေသခံအဖွဲ့များမှ သွားရောက်ကူညီနေကြစဉ်/ ပေးပို့
June 8, 2026
အိန္ဒိယနိုင်ငံနယ်စပ်အနီးက အလှော်ကျေးရွာအနီးမှာ  သနန်ကျေးရွာက ဒေသခံတွေဟာ...
June 6, 2026
ကချင်ပြည်နယ်က မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းမီးရထား ပြေးဆွဲနိုင်ဖို့အတွက်...