မွန်ပြည်နယ်မှာ လူငယ် ၂၄၀ နီးပါး စစ်သားစုဆောင်းခံရပြန်

မွန်ပြည်နယ်မှာ လူငယ် ၂၄၀ နီးပါး စစ်သားစုဆောင်းခံရပြန်

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်မယ့် လာမယ့် ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၇ အတွက် ဒေသတွင်းက လူငယ် ၂၄၀ နီးပါး စစ်သားစုဆောင်းခံလိုက်ရတယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက် တွေအရ သိရပါတယ်။

စစ်သားစုဆောင်းခံလိုက်ရတဲ့ လူငယ်တွေကို စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြီးခဲ့တဲ့စက်တင်ဘာ ၁၂ ရက်နေ့မှာ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာ နချုပ်ရှိ အမှတ်(၆) ပညာရေးကျောင်းမှာ သွားရောက်တွေ့ဆုံခဲ့တာပါ။

စစ်သားစုဆောင်းခံလိုက်ရတဲ့လူငယ်တွေဟာ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဆင့်ခေါ် ခံရတဲ့သူတွေ၊ ညဘက်အပြင်ထွက်သွားလာသူတွေ၊ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရတဲ့ သတ်မှတ်ထားတဲ့ ဒေသတွေမှာ ဖမ်းဆီးခံရသူတွေ၊ အလုပ်သွားအလုပ်ပြန်သူတွေကအစ ပါဝင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒေသခံလူငယ်တစ်ဦးကတော့ စစ်ကော်မရှင်ရဲ့ စစ်သားစုဆောင်းမှုကြောင့် အလုပ်မသွားရဲတဲ့ အ ခြေအနေနဲ့ ကြုံနေရပြီး လူငယ်အများစု ပြည်ပထွက်ခွာမှု ဆက်ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လူငယ်တွေက စိုးရိမ်စိတ်များတော့ တချို့ဆိုလည်း နိုင်ငံခြားတွေထွက် အမျိုးမျိုးပေါ့နော်။ နည်းလမ်းပေါင်းစုံနဲ့ မြန်မာပြည်ကြီးကို စွန့်ခွာပြီး သွားနေကြတာပေါ့။ အဓိက မြန်မာပြည်တွင်းမှာ လက် ရှိ လူငယ်အင်အားက မရှိတော့ဘူး။ ရှိရင်လည်း ဒီမှာနေရင်လည်း စိုးရိမ်ကြောင့်ကြမှု ပိုများတယ် ဆိုတော့ လူငယ်တွေက ခရီးသွားရင်လည်း မသွားရဲအလုပ်သွားရင်လည်း မလုပ်ရဲတဲ့ ဘဝ ဖြစ်နေပြီ”လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ စစ်မှုထမ်းသင်တန်းအတွက် ဒေသခံလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာ၊ ခရီး သွားနေရင်း ဖမ်းဆီးတာ၊ လုပ်ငန်းခွင်ထဲ ဝင်ရောက်ဖမ်းဆီးပြီးနောက် စစ်မှုထမ်းတပ်သား စုဆောင်းမှုတွေ လုပ်ဆောင်နေတာပါ။

စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းမှုကြောင့် လူငယ်အများစု လမ်းသွားရင်တောင် လုံခြုံမှုမရှိတော့တဲ့အပြင် နေအိမ်မှာနေထိုင်ပါကလည်း အချိန်မရွေး စစ်သားစုဆောင်းခံရနိုင်တဲ့အတွက် စိုးရိမ်စိတ်တွေနဲ့သာ နေနေရတယ်လို့ ဒေသခံလူငယ်တွေက ပြောကြပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ လုံခြုံရေးအင်အား လိုအပ်ချက်ကြောင့် အရင်လတွေကထက် စစ်မှုထမ်းတပ်သားသစ် ပိုမို စုဆောင်းလာတာ တွေ့နေရသလို စစ်မှု ထမ်း တပ်သားသစ် စုဆောင်းတဲ့ နေရာမှာလည်း နည်းအမျိုးမျိုး အသုံးပြုလာတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၇ အထိ ဒေသတွင်းမှာ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ် ၃၀၀၀ နီးပါး စစ်သားစုဆောင်းခံထားရပါတယ်။

September 22, 2026
စစ်အုပ်စုတပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ညီလာခံမှ...
စစ်အစိုးရ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်။ / MOI
September 21, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်းထားသည့် စစ်အုပ်စု အစိုးရသည် အကောင်အထည်ဖော်နေသော ငြိမ်းချမ်း ရေး...
September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...